ညစာစားပြီးသွားတော့ စာလုပ်ဖို့ စာအုပ်တွေထုတ်နေတုန်း ဖုန်းသံထွက်လာတာနဲ့အားသွင်းထားတဲ့ ဖုန်းကို သွားကြည့်လိုက်တော့ သော်သော့်ဆီက
"အင်း သော်သော်ပြော"
"သော်သော်ပြောလုပ်မနေနဲ့ ဘာတြွေဖစ်နေလဲဆိုတာ လိုင်းပေါ်တက်ကြည့်ပါဦး လိုင်းပေါ်မြန်မြန်တက်လာခဲ့နော်"
ပြောပြီးတာနဲ့ဖုန်းချသွားတော့ ဘာများပါလိမ့်ဆိုပြီး အင်တာနက်ဖွင့်ကာ facebook ထဲဝင်ကြည့်ရသည်။ဖွင့်လိုက်တာနဲ့ noti တွေ တတောင်တောင်တက်လာတာ မနည်းမနောမို့ မျက်လုံးပြူးသွားရသည်။ friend request တွေတက်လာတာလည်း နည်းတာမဟုတ်။
"ဘာတြွေဖစ်နေတာလဲ"
ကိုယ့်ဘာသာရေရွတ်မိကာ သော်သော် mentioned ခေါ်ထားတာကို သွားကြည့်မိတော့
"Oh My God!!!"
အာမဋိတ်အသံနဲ့အတူ ခုနကထက်မျက်လုံးနှစ်ဆပြူးသွားရတဲ့ အကြောင်းအရင်းက Taungoo University Mailbox မှာတင်ထားတဲ့ သူနဲ့မင်းခန့်မှူးဆက်ရဲ့ဓာတ်ပုံ။တိတိကျကျပြောရရင် ကျောင်းရှေ့က ဈေးတန်းမှာ နှစ်ယောက်သားမျက်နှာချင်းဆိုင်နေတဲ့ပုံ။caption တပ်ထားတာက နှစ်ယောက်လုံးကိုကြွေလို့ဆိုပြီး တပ်ထားကာ comment ထဲမှာ အကောင့်လင်းပါဆိုတာတွေနဲ့ တော်တော်တောင်ပွဲဖြစ်နေပြီ။
ဒီပုံဖြစ်လာရတဲ့ အကြောင်းအရင်းက ညနေက မခြူး ဖန်တီးပေးသွားတဲ့ အဖြစ်အပျက်။ပြန်တွေးမိတော့ ခေါင်းထဲအစီအရီပြန်ပေါ်လာသည်။
"ဆိုင်ကယ်သော့ ပေး"
သော့ပေးဆိုတာနဲ့ လက်ထဲက ဆိုင်ကယ်သော့ကိုလှမ်းပေးလိုက်တော့ ဆွဲယူသွားကာ
"မင်းဆိုင်ကယ်ဘယ်ဟာလဲ"
"ဟိုမှာရပ်ထားတဲ့ခဲရောင်"
"ဆိုင်ကယ်ငါမောင်းမယ် မင်း ဒီကပဲစောင့်နေ ငါဆိုင်ကယ်ယူလာခဲ့မယ်"
အဆောင်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ်ကိုသွားယူကာ အုတ်ခုံရှေ့မှာရပ်နေတဲ့သူ့ဆီမောင်းလာတော့ နောက်ကသူတက်လိုက်တာနဲ့ ဘာမှမပြောပဲ ဆိုင်ကယ်ကိုတန်းမောင်းတော့သည်။
"ကျောင်းရှေ့ကျ ခဏရပ်ဦးမယ် ငါ ဝယ်စရာရှိလို့"
"ဪ အင်း"
YOU ARE READING
Teen Fictionချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??