အခန်းထဲမှာ အေးရာအေးကြောင်း ကြယ်တွေခေါက်နေတုန်း တံခါးခေါက်သံပေးပြီး အခန်းတံခါးတွန်းဖွင့်ကာ မျက်နှာရှစ်ခေါက်ချိုးနဲ့ ရဲသွေးက ဘာမပြောညာမပြော သူကုတင်ပေါ်ပစ်လှဲတော့သည်။
"ဘာတြွေဖစ်လာတာလဲ"
"စွမ်းလေးနဲ့ ငါတကယ်စိတ်လေတယ်"
"စွမ်းလေးနဲ့ဘာဖြစ်လို့လဲ"
"သူ့ကောင်မလေးနဲ့ ချိန်းတွေ့တိုင်း ငါ့ကိုခေါ်တဲ့အပြင် အခုက သူ့ကောင်မလေးရဲ့သူငယ်ချင်းနဲ့ပါ ငါ့ကို ချိတ်ပေးနေတယ်"
သူပြောလိုက်တာနဲ့ မှူးဆက်ရဲ့ ခပ်အုပ်အုပ်ရယ်သံထွက်လာတော့ ဘေးက ခေါင်းအုံးယူကာ မှူးဆက်ရှိရာလှမ်းပစ်တော့ မှူးဆက်က ခေါင်းအုံးကို အသာလှမ်းဖမ်းကာ
"မင်းအချစ်ကိုတော့ ငါတကယ်လေးစားတယ် ဘယ်လိုတောင် ကြိတ်ချစ်နိုင်တာလဲ ၃နှစ်လောက် တစ်ဖတ်သတ်ချစ်နိုင်တာ အံ့သြတယ်"
" ဒီတိုင်းလေး ငါ့ဘာသာငါချစ်နေချင်တာ ဖွင့်ပြောဖို့ရာလည်း စွမ်းလေးဆိုတဲ့ကောင်က မင်းရဲ့ယံယံလိုလည်းမဟုတ်ဘူး ငါတို့နှစ်ယောက်က ဘယ်လိုမှ မင်းတို့ နှစ်ယောက်လို ဖြစ်လာနိုင်မှာမဟုတ်ဘူး"
"အဲ့တော့ မင်းက တစ်သက်လုံး တစ်ဖတ်ပဲသတ်နေတော့မှာလား"
"အေးပေါ့ ငါ့အိမ်အကြောင်းလဲ မင်းသိရဲ့သားနဲ့ ငါ့အနာဂတ်ငါကြိုမြင်ပြီးသား"
ရဲသွေးပြောတာ နားထောင်နေရင်း ဘေးမှာချထားတဲ့ ဖုန်းကမြည်လာတာကြောင့် ဘယ်သူလဲကြည့်လိုက်တော့ စွမ်းလေးဆီက
"ဟေ့ကောင် စွမ်းလေးဖုန်းဆက်တယ်"
"ဘာ... ငါ့ကိုမေးရင် မရှိဘူးပြောလိုက် ဒီကောင် ရုပ်ရှင်ကြည့်ဖို့ခေါ်နေတာ"
အသည်းအသန်ပြောလာတဲ့ ရဲသွေးပုံစံကြောင့် ရယ်ချင်စိတ်ကို အတင်းမျိုသိပ်လိုက်ကာ speaker ဖွင့်လိုက်ပြီး
"ဟဲလို"
"အေး မှူးဆက် ရဲသွေး မင်းဆီလာသေးလား"
"မလာပါဘူး"
"ဟုတ်လား သူ့အိမ်မှာလဲမရှိဘူး ဖုန်းလဲယူမသွားလို့ မင်းဆီများရောက်နေလားလို့"
YOU ARE READING
Teen Fictionချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??