ညခင်းဆုံဖို့ ချိန်းထားတဲ့ဆိုင်ကို မှူးဆက်နဲ့သူ အရင်ရောက်ပြီးသိပ်မကြာလိုက် သော်သော်နဲ့ရှားရှားရောက်လာသည်။ပြီးမှ ဘုန်းပြည့်ရယ် စွမ်းလေးရယ် ရဲသွေးရယ် အတူတူရောက်လာသည်။စားစရာသောက်စရာတွေမှာရင်း ဆူညံဆူညံဖြစ်လာကြပြီးမှ သိင်္ဂါနဲ့ ဟိုတစ်ခါဆုံဖူးတဲ့ကောင်လေးရောရောက်ချလာသည်။
"လူတောင်စုံနေပြီငါပဲကျန်တော့တာလား"
"အေးလေ "
"ထိုင်လေ"
သိင်္ဂါက ထိုင်ဖို့ပြောတော့မှအတူပါလာတဲ့ ဖိုးချမ်းက လွတ်နေတဲ့ ယံယံဘေးနေရာမှာ ဝင်ထိုင်သည်။ယံယံ ပြုံးပြလိုက်တော့ ဖိုးချမ်းက ပြန်ပြုံးပြကာ ပြီးတော့ ဒီတိုင်းမလှုပ်မယှက်နဲ့ စကားတစ်ခွန်းမှမပြော။တစ်ယောက်မှလဲ စကားမပြောပဲ တိတ်ဆိတ်သွားကြတာနဲ့ ရဲသွေးက အရင်စကာ
"မနက်ဖြန် ၁၃ မိုင် သွားကြမလား "
ရဲသွေးစကားစလိုက်မှပဲ ဝိုင်းက အသက်ပြန်ဝင်လာကာ
"လူများမှာဟ မနက်ဖြန် တစ်ကျောင်းလုံးနီးပါး ၁၃ မိုင်ရောက်နေလိမ့်မယ်"
"ဟုတ်တယ် နော်ဘူဘော သွားမလား"
"ကောင်းသားပဲ "
"ဆိုင်ကယ်နဲ့ဆို အန္တာရယ်မများဘူးလား"
တစ်ယောက်တစ်ခွန်းပြောနေကြတာကို မှူးဆက် နားထောင်နေရင်း ဘေးက ယံယံကို
"နော်ဘူဘောရောက်ပြီးပြီလား"
"မရောက်ဖူးသေးဘူး အရမ်းဝေးတယ်ဆို"
သူပြောလိုက်တော့ မှူးဆက်က သွားပြီဆိုတဲ့ ပုံစံနဲ့ မျက်နှာမဲ့သွားကာ
"ကျစ်....အဲ့လိုမှန်းသိ အဖြေမရခင်က လိုက်ပို့ပါတယ်"
"ဘာဖြစ်လို့လဲ"
မှူးဆက်ကိုမေးနေတုန်း စွမ်းလေးအသံထွက်လာကာ
"နေဦး နော်ဘူဘောဆို မှူးဆက်နဲ့ ယံယံ လိုက်လို့ရမယ့်ပုံမပေါ်တော့ဘူး ဟုတ်တယ်မလား"
စွမ်းလေးက ပြီတီတီနဲ့ ပြောလာတော့ အကုန်လုံးက ပြုံးစိစိနဲ့ သူတို့နှစ်ယောက်ကို ကြည့်လာကြသည်။ ယံယံပဲ ဘာမှနားမလည်။သူတို့နှစ်ယောက်က ဘာလို့ လိုက်လို့မရတာလဲ။
YOU ARE READING
သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+Zawgyi
Teen Fictionချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??