ဒီနေ့ သူကျောင်းသွားရမယ့်အချိန်က ည ၈နာရီမှဆိုပေမယ့် ကိုခန့်နိုင်က ဖုန်းဆက်ပြီး ညနေလောက်လာခဲ့ပေးပါဆိုလို့ သူကျောင်းသွားဖို့ ပြင်ရသည်။ပုံမှန်ဆို မှူးဆက်လိုက်ပို့နေကျပေမယ့် ဒီနေ့အချိန်ပြောင်းသွားတာရယ် မှူးဆက် ဒီအချိန်ဆို အိပ်နေမှန်းသိတာကြောင့် ဖုန်းမဆက်တော့ပဲ ကိုယ့်ဘာသာကိုယ် ကျောင်းကိုထွက်လာခဲ့သည်။
ကျောင်းရောက်တာနဲ့ ကိုခန့်နိုင်ရုံးခန်းရှိရာသွားလိုက်တော့ ကိုခန့်နိုင်က စာအုပ်ပုံတွေကြားကနေ သူ့ကို ကြည့်လာကာ
"ဪ ယံယံရောက်ပြီလား"
"ဟုတ်"
"အားရောအားရဲ့လား စောခေါ်လိုက်ရတာ အားတော့နာပါတယ် စာစစ်စရာလေးတွေပုံနေလို့ အဲ့တာ နည်းနည်းလောက်ကူညီပေးပါလား"
"ရပါတယ်ဗျ ကျွန်တော်အားပါတယ်"
အဖြေလွှာစာရွက်နဲ့ ကလေးတွေဖြေထားတာကိုတိုက်စစ်ရုံပဲဆိုတော့ သူ့အတွက်ဘာမှ အပန်းမကြီးတာကြောင့် စာအုပ်တွေကူစစ်ပေးနေလိုက်ရင်း နှစ်ယောက်သား စကားမပြောဖြစ်ကြ။အတော်ကြာမှ ကိုခန့်နိုင်ဘက်က စကားစလာကာ
"နောက်လထဲဆို ကျောင်းဖွင့်ပြီမလား"
"ဟုတ် ဖွင့်ပြီဗျ"
"အဲ့ကျ အစ်ကိုအချိန်ပြန်ညှိပေးမယ်လေ ယံယံကျောင်းတစ်ဖက်နဲ့ ဖြစ်သွားပြီဆိုတော့ ၇နာရီကနေ ၉နာရီလောက်ကို အစ်ကိုပုံမှန်ထားပေးမယ်"
"ဟုတ် ကျွန်တော်အဆင်ပြေပါတယ်"
စာစစ်နေရင်း ဖုန်းကအသံမြည်လာတော့ ဒီအချိန်ဆို မှူးဆက် ဆီကပဲဆိုတာ သိလိုက်ကာ ထထွက်လို့လည်း မကောင်းတော့ ဖုန်းကိုင်လိုက်ပြီး လေသံတိုးတိုးနဲ့ပဲ
"ငါကျောင်းရောက်နေပြီ"
"ဘာ....၈နာရီမှဆို"
"ဟုတ်တယ်အလုပ်လေးတွေရှိလို့"
"ကျစ်....ငါ့ကိုဘာလို့ဖုန်းမဆက်တာလဲ"
"မင်းအိပ်နေမှန်းသိလို့ မခေါ်တော့တာလေ ခုမှနိုးတာမလား"
"အင်း....ထားပါတော့ ဘယ်အချိန်ပြန်ရမှာလဲ လာကြိုမယ်"
"ငါဆိုင်ကယ်ပါတယ်လေ"
YOU ARE READING
သူ႔အခ်စ္မွာခိုနားခြင့္(သူ့အချစ်မှာခိုနားခွင့်)Unicode+Zawgyi
Teen Fictionချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??