1+2

14.3K 594 23
                                    

စာစဉ် - ၁ / အခန်း - ၁+၂

အပိုင်း - ၁

ဘာသာပြန်သူ - Emily (KKMJPKJL)

ဂျူလိုင်လ လေးရက်နေ့၊ လက်ထပ်ပွဲနေ့လေးတစ်နေ့ပေါ့။

မြို့တော် Aရဲ့ဈေးအကြီးဆုံး Junting Hotelရဲ့ဝင်ပေါက်မှာ ဈေးအကြီးဆုံးကားတွေက တန်းစီပြီးရောက်နေကြသည်။ မြို့တော်ရဲ့အကြီးမားဆုံးပုံရိပ်ကလည်း ထင်ဟပ်နေသည်။

အားလုံးက 10 ဘီလီယံချမ်းသာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်ရဲ့မင်္ဂလာပွဲကို လာတက်ရောက်ကြတာဖြစ်သည်။

သူမလက်ထပ်မှာက ဘွဲ့ရခါစ ဆင်းရဲသားကောင်လေးတစ်ယောက်ကိုတဲ့။ ကောင်လေးက ပိုက်ဆံနဲ့ပါဝါအာဏာ မရှိယုံသာမက ရုပ်ကလည်း သာမန်ပဲတဲ့။ ဒါပေမဲ့ ထန်ဝမ်နဲ့တွေ့သွားတဲ့အတွက် သူ့ကံကြမ္မာကတော့ ပြောင်းလဲသွားပြီပေါ့လေ။

သူ့ရဲ့ ထန်ဝမ့်ယောက်ျားဆိုတဲ့နေရာကို လိုချင်နေကြတဲ့ ယောက်ျားသားတွေ ဘယ်လောက်များလဲဆိုတာကို လက်ချိုးရေတွက်လို့ကိုမရနိုင်ပေ။ ဒါကြောင့် အဲဒီလူကတော့ ယောက်ျားသားအများစုရဲ့ မနာလိုခြင်းကို အရမ်းခံရလိမ့်မည်။

ဒါပေမဲ့ ခန်းမကြီးထဲမှာစောင့်နေကြတဲ့ ဧည့်သည်တွေမသိကြတာကတော့ သူတို့တွေပြောနေကြတဲ့ သတို့သားဆိုသူက မင်္ဂလာပွဲကနေ ထွက်ပြေးသွားတယ်ဆိုတာပါပဲ!

ဟုတ်တယ် သူ မင်္ဂလာပွဲကနေ ထွက်ပြေးသွားတယ်!

ဟိုတယ်ရဲ့အဝတ်လဲခန်းထဲမှာ ဖုန်းထဲက ယောက်ျားတစ်ယောက်ပို့လိုက်တဲ့စာကို ဖတ်ပြီး ထန်ဝမ်တစ်ယောက် ဒေါသကြောင့် တုန်ရီနေသည်။

*ဝမ်ဝမ် ကိုယ်တောင်းပန်ပါတယ်! ကိုယ် သူမကို လက်မလွှတ်နိုင်ဘူး! မင်းမှာအားလုံးရှိတယ်. ဒါပေမဲ့ သူမမှာက ကိုယ့်အပြင် ဘယ်သူမှမရှိဘူး။ ကိုယ်မရှိပဲ သူမ ရှေ့ဆက်နိုင်မှာမဟုတ်ဘူး! ကိုယ်ထွက်သွားပါပြီ။ မင်္ဂလာပွဲကိုဖျက်သိမ်းလိုက်တော့နော်*

စွန်းဝူ ခွေးကောင်! မင်္ဂလာပွဲနေ့မှာ အခြားမိန်းမတစ်ယောက်နဲ့ ထွက်ပြေးသွားရဲတယ်ပေါ့?! ထန်ဝမ်ဆိုတဲ့ ငါ့ကို အားလုံးအရှေ့မှာ ရယ်စရာကောင်းတဲ့မျောက်လို ဟာသလုပ်ပြီး ထားခဲ့ရဲတယ်ပေါ့!

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now