စာစဉ် - ၅/ အခန်း - ၁၂၁+၁၂၂
အခန်း - ၁၂၁
သူ ဖုန်းကိုယူကာ ထန်ဝမ်ဆီစာပို့လိုက်သည်။
(မိန်းမက ကိုယ်နဲ့အတူတူ အကလေ့ကျင့်ကြမလား)ပို့ပြီးမှ သူ့ရဲ့လည်ပြတ်အင်္ကျီခါးတိုအကြောင်း သူမကို မပြောရသေးဘူးဆိုတာကို မှတ်မိသွားသည်။ ဒါပေမဲ့ သူမက သိပြီးသားဖြစ်ရမယ်။ ပြီးတော့ သူက အင်ပါယာရှို့ဆိုတာကို မနက်တုန်းက သူပြောခဲ့တယ်လေ။
သူမကလည်း သူ့ရဲ့မိသားစုဝင်တစ်ယောက်ဆိုတော့ သူ့အကောင့်ကို မသိစရာအကြောင်းမရှိဘူးပေါ့။ အမှန်ဆို နောက်ဆုံးတစ်ခေါက်ပြောပြီးကတည်းက သူ ဘယ်သူလည်းဆိုတာကို သူမက သိနေပြီးသားလေ။
ထန်ဝမ် ရေချိုးပြီးတော့ ကွန်ပြူတာဖွင့်ကာ အကလေ့ကျင့်နေလိုက်သည်။ QQဖွင့်ကြည့်လိုက်တော့ လျှိုရှုထုံရဲ့စာကိုတွေ့သွားသည်။
(ကောင်းပြီး ခဏ ငါ ဂိမ်းထဲဝင်လိုက်ဦးမယ်)
ခဏကြာတော့ ထန်ဝမ် ဂိမ်းထဲရောက်လာသည်။ လျှိုရှုထုံက ချက်ချင်း
(မိန်းမ ကိုယ်တို့ ဗီဒီယိုဖွင့်ပြီးကစားကြမလား)ထန်ဝမ်က သူမရဲ့လယ်ဗယ်ကိုတွေးမိကာ
(ကင်မရာပျက်နေတာ ပြန်မဝယ်ရသေးဘူး)"ကောင်းပြီလေ။ ဒါဆို အသံနဲ့ပဲကစားကြတာပေါ့"
လျှိုရှုထုံ နည်းနည်းစိတ်ပျက်သွားသည်။"အိုခေ"
အသံဖွင့်ပြီးတာနဲ့ လျှိုရှုထုံက ထန်ဝမ်ကို စုံတွဲကစားဖို့ ခေါ်လိုက်သည်။ပြီးတော့ နှင်းဆီပန်း ၉၉၉ပွင့်ကိုလည်း ပို့လိုက်သေးသည်။ ဒီအကြိမ်မှာတော့ အခြားသူတွေလည်း တွေ့သွားကြသည်။
"ဖာ့ခ် အင်ပါယာဘုရင်ကြီးက ကောင်မလေးရသွားပြီလား"
"အဲဒါက ဘယ်သူလဲ။ ဘယ်သူက ငါ့ယောက်ျားကို လုသွားတာလဲ။ အား… ငါ သူမကိုသွားတိုက်မယ်"
အားလုံးပေါက်ကွဲနေချိန်မှာ ထျန်ထျန်ကတော့
"လက်ထပ်လိုက်တဲ့နှစ်ယောက်ကို ဂုဏ်ပြုပါတယ်"လျှိုရှုထုံရဲ့ဖန်တွေက ချက်ချင်းဒေါသထွက်လာသည်။
"ထွီ နင်နဲ့မပေါင်းတော့ဘူး"
YOU ARE READING
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...