စာစဉ် - ၄/ အခန်း -၈၇+၈၈
အခန်း - ၈၇
နေ့လည်လောက်ကျတော့ ထန်ချင်းကျူ ဒုတိယမင်းသားစံအိမ်မှာနေတယ်ဆိုတဲ့ သတင်းက မြို့တော်တစ်ခုလုံးကို ပြန့်သွားခဲ့သည်။ မြို့တော်က အာဏာရှိလူတွေအားလုံး အံ့သြသွားကြသည်။
"ဒုတိယမင်းသားက ကိုယ်လုပ်တော်တစ်ယောက် ရွေးလိုက်ပြီလား? သူဘာတွေတွေးနေတာလဲ?"
"သူတို့မှာ ပုဂ္ဂိုလ်ရေးရာ ကိစ္စရှိနေတာလား?"
ထိုအချိန် ဒုတိယမင်းသားစံအိမ်က အစေခံတစ်ယောက်က
"ဘာကိုကိစ္စရှိရမှာလဲ? သတ်သေမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ ထန်ချင်းကျူကို ငါတို့မင်းသားက သနားပြီး ကယ်ထားတာလေ။ ဒါပေမဲ့ သူမက ဟင်း… စံအိမ်မှာ အခြားသူတွေက ဒုတိယမင်းသားကို ဘယ်လိုပြောနေကြမလဲ မသိဘူး"လူတိုင်းကြောင်သွားကြသည်။
ဒါက…အဲဒီထန်ချင်းကျူက တကယ်ကို အရှက်မဲ့လိုက်တာ။
ကိစ္စတွေက ထန်ချင်းကျူခေါင်းပေါ်ပုံကျသွားသည်။ ဒါပေမဲ့ သူမကတော့ ဘာကိုမှသိပဲ ဒုတိယမင်းသား ဘုရင်ဖြစ်လာတဲ့အခါ သူမက မိဖုရားဖြစ်လာပြီး ထန်မိသားစုနောင်တရအောင် လုပ်ပစ်မယ်ဆိုကာ အိပ်မက်တွေမက်ပြီး ပျော်ရွှင်နေတော့သည်။
အိမ်ရှေ့စံအိမ်တော်…
အပြင်ဘက်က ကောလဟာလတွေကိုကြားတော့ ဖုန်းချီထုံ နှာခေါင်းရှုံ့လိုက်သည်။
"ဒုတိယမင်းသားက အလှလေးတစ်ယောက်ကို ထိုးကျွေးနိုင်သားပဲ"
ထို့နောက် အမှောင်ထဲက အရိပ်ကိုယ်ရံတော်ကို
"သူ ဘာလို့ ထန်ချင်းကျူကို စံအိမ်မှာ ဆက်ထားထားလဲဆိုတာကို စုံစမ်းခဲ့""ကျွန်တော်တို့ သူလျှိုခင် သတင်းပေးခဲ့ပါတယ်။ ထန်ချင်းကျူက အနာဂတ်ကိုမြင်ခဲ့ပါတယ်တဲ့။ ကျန်းပေရေကြီးမှုကိုရော ကျန်းရုံဟော်စံအိမ်မက အမျိုးသမီးကြီးရဲ့သေဆုံးမှုကိုရော မှန်ကန်ခဲ့ပါတယ်တဲ့။ ပြီးတော့…ဒုတိယမင်းသားက ဘုရင်ဖြစ်လာပြီး အရှင်က…ရူးသွားလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်တဲ့"
သူတို့လွှတ်ထားတဲ့သူလျှိုက အဲတုန်းက လက်ဖက်ရည်ဆက်သနေတာဖြစ်ပြီး သူတို့ပြောသမျှကို ကြားခဲ့တာဖြစ်သည်။
![](https://img.wattpad.com/cover/303873941-288-k637022.jpg)
YOU ARE READING
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...