အခုနကအတွက် တောင်းပန်ပါတယ်။ copyမဖြစ်တာကို မတွေ့လိုက်လို့ပါ😁
စာစဉ် - ၅/အခန်း - ၁၀၁+၁၀၂
အခန်း - ၁၀၁
ထန်ချင်းကျူ ကြောင်သွားပေမဲ့ ခေါင်းညိမ့်လိုက်သည်။ ဒါပေမဲ့ စိတ်ထဲကနေ မတွေးပဲလည်းမနေနိုင်။ /ဘယ်နေရာမှာ မှားသွားတာလဲ/
ဒုတိယမင်းသားရဲ့ပုံစံကိုကြည့်ကာ သူမပြောထားသမျှက မှားသွားရင်တော့ သူမရဲ့ကံကြမ္မာကလည်း ဆိုးဝါးသွားပြီဆိုတာကို သိနေသည်။
မဖြစ်နိုင်ဘူး။ စောစောပြင်ဆင်မှဖြစ်မယ်။
နန်းတက်ဖို့နေ့ရက်ကို ဆုံးဖြတ်ပြီးတော့ နန်းတော်က လူတစ်ယောက်က ထန်ဝမ်နဲ့ဖုန်းချီထုံတို့ရဲ့နန်းတက်ဝတ်စုံကို ပြင်ဆင်ဖို့အတွက် ကိုယ်တိုင်းလာယူသည်။
တစ်လကြာပြီးတော့ ထန်ဝမ်နဲ့ဖုန်းချီထုံတို့ နန်းရင်ပြင်မှာ တစ်ယောက်လက်ကို တစ်ယောက်တွဲရင်း ရပ်နေကြသည်။ နှစ်ယောက်လုံးကို ရာချီတဲ့မှူးမတ်ရဲမက်တွေက အရိုအသေပေးနေကြသည်။ ထန်ဝမ်က ကိုယ်ဝန်ဆောင်ထားရတော့ အချိန်ကြာလွန်းတဲ့ နည်းလမ်းအစဉ်လာအချို့ကို ဖုန်းချီထုံက ပယ်ချဖျက်သိမ်းခဲ့သည်။
နန်းတက်ပွဲပြီးတော့ သူတို့နှစ်ယောက်လည်း နန်းတော်ထဲမှာနေရသည်။ ဘုရင်ရဲ့ကိုယ်လုပ်တော်က အနောက်နန်းဆောင်မှာနေရတာဖြစ်သည်။ ဒါပေမဲ့ ဖုန်းချီထုံနဲ့ထန်ဝမ်ကတော့ အရှေ့နန်းဆောင်မှာပဲနေသည်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် မခွဲပေ။
အရင်ဘုရင်မက အသက်ရှင်နေသေးပေမဲ့ ထန်ဝမ်ကတော့ အာရုံစိုက်ဖို့ အချိန်ရှိမနေ။ စိတ်ပူစရာကိစ္စ အများကြီးရှိပေမဲ့ သူမရဲ့စိတ်ကို တည်ငြိမ်အောင်လုပ်နေရာမှာ ဝင်လာရှုပ်လို့ မရစေရဘူး။ျ
ထန်ဝမ်က မိဖုရားခေါင်ကြီးနန်းဆောင်ကို လာမလုတာကိုတွေ့ရတော့ မိဖုရားဟောင်းလည်း စိတ်သက်သာရာရသွားသည်။ သူမက ဖုန်းချီထုံဆိုတဲ့သားကို မနှစ်သက်ပေမဲ့ သူက ဘုရင်တောင်ဖြစ်နေပြီလေ။ သူသာ သူ့မိဖုရားအတွက် မိဖုရားနန်းဆောင်ကိုတောင်းရင် သူမက ဖယ်ပေးရမှာ။
YOU ARE READING
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...