131+132

978 123 2
                                    

စာစဉ် - ၆/၁၃၁+၁၃၂

အခန်း - ၁၃၁

တစ်နာရီလောက်ကြာတော့ လျှိုရှုထုံရဲ့မျက်လုံးပွင့်လာသည်။
"ထုံထုံ နင်နှိုးလာပြီလား။ နင် နေရခက်နေသေးလာျး"
ထန်ဝမ် ကြိုမေးလိုက်သည်။

သူမကိုမြင်တော့ လျှိုရှုထုံက ရှုပ်ထွေးမှုတွေဖြတ်ပြေးလာကာ
"ဇနီးလေးလား"

ခဏကြာတော့ နူးညံ့တဲ့လက်လေးတစ်ဖက်က သူ့နဖူးပေါ်ရောက်လာတာကိုခံစားလိုက်ရသည်။ ပြီးတော့ သူ့လက်မောင်းကိုမတင်ခံလိုက်ရသည်။ ဂျိုင်းကြားက သာမိုမီတာကိုယူကြည့်တာပင်။

"နင် ဖျားနေတာ။ ရေနည်းနည်းသောက်လိုက်ဦး"
ပြောပြီးတော့ ထန်ဝမ် စားပွဲလျှောက်သွားကာ ရေသွားခပ်နေသည်။

လျှိုရှုထုံ ရေကိုနာနာခံခံနဲ့သောက်ပြီးမှ
"ဝမ်ဝမ် ဘာလို့ ဒီကိုရောက်နေတာလဲ"
ဒါက သူအိမ်လေ။ ဟုတ်ပါတယ်။ ဝမ်ဝမ်က သူ့အိမ်ကိုရောက်နေတယ်တဲ့။ ဒါက အိပ်မက်များလား။ သူမက ဘယ်လိုလုပ်ပြီးသူ့အိမ်ကိုလာပါ့မလဲ။

"နင့်ကိုဖုန်းခေါ်တာ မကိုင်လို့လေ။ ဒါကြောင့် လာကြည့်တာ။ နင် ဖျားတယ်ဆိုတာကိုတောင် သိတာမဟုတ်ဘူး။ ဒါနဲ့ နင် ဗိုက်ဆာနေပြီလား။ ငါ တစ်ခုခုသွားဝယ်ပေးမယ်"

ဒါပေမဲ့ ထန်ဝမ်ထလိုက်တာနဲ့ သူက သူမလက်ကိုလှမ်းဆွဲကာ အိပ်ရာပေါ်ဆွဲချလိုက်သည်။

"မသွားပါနဲ့။ ကိုယ်နဲ့နေပေးနော်"
လျှိုရှုထုံ သူမကိုတင်းတင်းလေးဖက်ထားလိုက်သည်။

အမေထွက်သွားပြီးကတည်းက ဘယ်သူမှသူ့ကိုဂရုမစိုက်ကြတော့ဘူး။ အခုချိန် သူ့ဘေးမှာ ချစ်ရတဲ့သူမရှိနေတာ ကောင်းလိုက်တာ။

ထန်ဝမ် သူ့ပုံစံကိုမြင်တော့ ကျောကိုပုတ်ပေးလိုက်သည်။
"အရင်လှဲချလိုက်ဦး။ ငါ မသွားတော့ဘူး။ ဒါပေမဲ့ နင် ဘာမှမစားရတော့ဘူးဖြစ်သွားမှာနော်"

"သူတို့က ကိုယ့်အတွက် ထမင်းလေးတောင်မချန်ခဲ့ဘူး။ ခေါက်ဆွဲတော့ရှိမယ်ထင်တယ်"

ထန်ဝမ် သူပြောတာကိုကြားတော့
"အိုခေ။ ဒါဆို ငါ ခေါက်ဆွဲပြင်ပေးမယ်။ နင် နာခံပြီးလှဲနေတော့"

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now