71+72

2.8K 311 1
                                    

စာစဉ် - ၃/ အခန်း - ၇၁+၇၂

အခန်း - ၇၁

ဘာသာပြန်သူ - Emily (KKMJPKJL)

ထန်ဝမ် ဖျော့ဖျော့လေးပြုံးလိုက်ကာ
"မင်းသားခုနစ်က အမြင်အရမ်းကောင်းတာပဲ!"

ဖုန်းချီထုံက မင်းသားခုနစ်နဲ့အတူ ခန်းမဆီလျှောက်သွားရင်း ထန်ဝမ်ကိုလှမ်းပြောလိုက်သည်။
"အိုက်ဖေးက လက်ဖက်ရည်ကောင်းကောင်းဖျော်တတ်တယ်လို့ ကြားတယ်။ ကိုယ်တော်တို့ ညီအစ်ကိုနှစ်ယောက်အတွက် ပြင်ဆင်ပေးလို့ရမလား!"

ထန်ဝမ် ခေါင်းညိမ့်လိုက်ကာ
"ရပါတယ် အရှင်"

သူမ ရိုသေတဲ့အမူအရာနဲ့ ဦးညွှတ်ပြီးနောက် အစေခံတွေကို လိုအပ်တာပြင်ဆင်ဖို့ပြောလိုက်သည်။

လက်ဖက်ရည်လား?

ထန်ဝမ်မှာ ရှေးခေတ်က အမျိုးသမီးတွေလိုမျိုး ဖျော်တတ်တဲ့အရည်အချင်းမရှိပေမဲ့ လက်ဖက်ရည်ပွဲတော်တုန်းက သူမ သင်ထားဖူးပြီးသားဖြစ်သည်။ ဒါပေမဲ့ ဒါက သူမအတွက် ခက်ခဲနေတုန်းပဲ။

ထန်ဝမ် ထွက်သွားတာနဲ့ မင်းသားခုနစ်က သူ့အစ်ကိုကို ဘာဖြစ်သွားတာလဲလို့ မေးတောသည်။ ဖုန်းချီထုံကလည်း သူ့ညီမေးချင်နေတာကို သိတာကြောင့် အကုန်လုံးကို ချက်ချင်းပြောပြသည်။

သူ့အစ်ကိုပြောတာကို နားထောင်ပြီး မင်းသားခုနစ်က ဟက်ဟက်ပက်ပက်ရယ်တော့သည်။

"ကောင်းတယ် ကောင်းတယ်! ဒုတိယကလေးကတော့ အစ်ကိုတော်နဲ့ထန်ကော်ကြားက ကောင်းမွန်တဲ့ဆက်ဆံရေးကို ဖျက်ဆီးလိုက်ပြီးပြီလို့ တွေးနေမှာပေါ့။ ဒါပေမဲ့ ထန်ဝမ်က အစ်ကိုတော်နဲ့လက်ထပ်လိုက်ပြီး အစ်ကိုတော်အတွက် တံတားကြိုခင်းပေးလိုက်တာက သူဖြစ်နေမယ်လို့ ထင်ထားမှာမဟုတ်ဘူး"

မင်းသားခုနစ်က ပျော်နေသည်။ ဒါ့အပြင် ထန်ဝမ်က အိမ်ရှေ့စံရဲ့ရောဂါကိုလည်း ကုသပေးနိုင်သေးတယ်လေ။

ဒီလိုမျိုးနဲ့ဆိုရင် သူတို့အနေနဲ့ ဒီလက်ဆက်ပွဲကနေ ထန်ကော်ရဲ့ထောက်ပံ့မှုကိုလည်းရ ထန်ဝမ်ရဲ့ကုသမှုကိုလည်းရနဲ့ သူတို့ဘက်က အသာကြီးဖြစ်သည်။

"ခမည်းတော်နဲ့မင်းပဲ ဒီအကြောင်းကို သိသေးတယ်။ ထန်ဝမ်ကိုယ်တိုင်တောင် မသိဘူး။ ညီခုနစ် ဘယ်သူ့ကိုမှ မပြောရဘူးနော်"
ဖုန်းချီထုံက အပြုံးနဲ့ဆိုသည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now