စာစဉ် - ၅/ အခန်း - ၁၁၁+၁၁၂
အခန်း - ၁၁၁
ဒါပေမဲ့ ထိုခဏတစ်ယောက်ယောက်က
"ငါ့အတန်းထဲမှာ ထန်ဝမ်တော့ရှိတယ်။ ဒါပေမဲ့ နာမည်တူတာပဲဖြစ်လိမ့်မယ်"ထိုစာကိုမြင်တာနဲ့ လျှိုရှုထုံ မျက်ခုံးပင့်သွားကာ
"သူမလား။ ငါ့ကို ဓာတ်ပုံ၂ပုံလောက် ပို့ပေးလို့ရမလား"
ထို့နောက်ချက်ချင်း
"ငါ့ အကောင့်ကိုပို့လိုက်""ရတယ်"
တစ်ဖက်က ချက်ချင်းစာပြန်သည်။ခဏနေတော့ စာဖတ်နေတဲ့ထန်ဝမ်ရဲ့ပုံက သူ့ဖုန်းထဲရောက်လာခဲ့သည်။ ဓာတ်ပုံထဲက တိတ်ဆိတ်ပြီး သိမ်မွေ့တဲ့ကောင်မလေးက အခုနကမှ ပြန်ငြိမ်နေတဲ့ရင်ဘတ်ထဲက အကောင်ကို ပြန်ပြီးမတည်မငြိမ်ဖြစ်စေသည်။
သူမက သူ့ကို မလိမ်ခဲ့ဘူးပဲ။ ဒါဆို…ဒီနတ်သမီးလေးကို သူ ပိုင်ဆိုင်ရတော့မှာလား။
/ဒင် လျှိုရှုထုံရဲ့နှစ်သက်မှုအမှတ်က ၁၀ရရှိပါတယ်။ လက်ရှိစုစုပေါင်းအမှတ်က ၈၀ပါ/
ချစ်စရာလေးက သတိပေးသည်။ထန်ဝမ် မျက်ခုံးပင့်လိုက်သည်။ ဒါပေမဲ့ အံ့သြယုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။
ဒီကမ္ဘာမှာ မြင်မြင်ချင်းအချစ်ဆိုတာ ရှိသေးလို့လား။ အခုချိန်ထိ သူမ ဘာမှမလုပ်ရသေးဘူးလေ။ ပြီးတော့ အရင်နှစ်ကမ္ဘာတုန်းကဆိုရင် ရမှတ်မြင့်လာရင် နောက်ထပ်တိုးဖို့က မလွယ်တော့ဘူးလေ။ ပြီးတော့ အရမ်းမြန်မြန်ကြီးလည်း ရမှတ်မတိုးတက်ဘူး။
ဈေးပေါလွန်းနေတာမဟုတ်လား?
ထန်ဝမ်ရဲ့အတွေးတွေကိုသိတော့ ချစ်စရာလေးက ချက်ချင်းရှင်းပြသည်။
/host အတွေးမလွဲပါနဲ့။ ပထမ၂ကမ္ဘာက မင်းအတွက် ခက်ခဲခဲ့ပါတယ်။ ဘာလို့ဆို ဇာတ်ညွှန်းက မကောင်းလို့လေ။ ဒါပေမဲ့ ဒီကမ္ဘာက ကွဲပြားတယ်။ ပြီးတော့ မင်းကလည်း ငါ့လိုပဲ အရမ်းချစ်စရာကောင်းတယ်လေ။ သူက သေချာပေါက်မင်းရဲ့ချစ်စရာကောင်းမှုမှာ ကြွေသွားတာပေါ့//နင့်ကိုယ်နင်ပဲ ချီးကျူးနေတာနော်/
ထန်ဝမ် မလိုတဲ့ပုံစံနဲ့ပြောလိုက်ပေမဲ့ နှုတ်ခမ်းထောင့်တွေကတော့ ကော့တက်နေသည်။
YOU ARE READING
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...