စာစဉ် - ၄ /အခန်း - ၈၃+၈၄
အခန်း - ၈၃
ဒုတိယမင်းသားရဲ့စကားကိုကြားတော့ ခရမ်းရောင်ဝတ်စုံနဲ့လူက နှာခေါင်းရှုံ့လိုက်ကာ
"ဒီတစ်ကြိမ် အဲဒီကောင် ဒီလို ကံကောင်းသွားမယ်လို့ ဘယ်သူက သိမလဲ? အမှောင်ထဲက တစ်ယောက်ယောက်ကများ သူ့ကို ကူညီနေတာလား?"ထိုအချိန် ကိုယ်ရံတော်တစ်ယောက် ဝင်လာကာ
"မင်းသားနှစ်ကို တင်ပြပါတယ်။ အမတ်ကြီးထန်က မမလေးထန်ချင်းကျူကို လမကုန်ခင် လက်ထပ်ပေးဖို့ သတို့သားလောင်းရှာနေပါတယ်"သူပြောလိုက်တာနဲ့ မင်းသားနှစ် မျက်မှောင်ကျုံ့သွားကာ
"ဘာတွေဖြစ်သွားတာလဲ?"သူ ထန်ချင်းကျူကို သဘောကျသည်။ သူမက အရင်က သူ့ကို အကြံဥာဏ်ကောင်းတွေ ပေးခဲ့ဖူးကာ အများကြီး ကူညီပေးခဲ့ဖူးသည်။ အစတုန်းက အဲဒီကောင်မလေးကို သူ့ရဲ့ကြင်ယာတော်အဖြစ် တော်ကောက်ဖို့ ကြံရွယ်ထားတာဖြစ်သည်။
"အဲဒီထန်ချင်းကျူက အိမ်ရှေ့မင်းသားနဲ့မင်းသမီးကြားက ဆက်ဆံရေးကို ရန်သွားစခဲ့တဲ့ပုံပါ။ ဒါကြောင့် မင်းသားက…"
"ငါ သိပြီ"
ဒုတိယမင်းသား ခေါင်းညိမ့်လိုက်သည်။ခရမ်းရောင်ဝတ်စုံနဲ့လူက မနေနိုင်တော့ပဲ အရှေ့တက်လာကာ
"ဒုတိယအစ်ကိုတော် ချင်းကျူ ဒီလိုမျိုး လက်ထပ်ရတော့မှာကို အစ်ကိုတော် ထိုင်ကြည့်နေမှာလား?"ဒုတိယမင်းသားက သူ့ကိုတစ်ချက်ကြည့်ကာ ခေါင်းညိမ့်လိုက်ပြီး
"အိမ်ရှေ့စံက ပြောတဲ့အတိုင်း လုပ်တတ်တဲ့လူပဲ။ သူမ လက်ထပ်ထပ်မထပ်ထပ် ကိစ္စမရှိဘူး။ ဒီကိစ္စမှာ ငါတို့ဝင်ပါလိုက်ရင် သူက ငါတို့ကို သတိထားမိသွားလိမ့်မယ်။ ညီငါး ဒီကိစ္စကို စိတ်ပူမနေပါနဲ့။ ဝင်မနှောင့်ယှက်နဲ့"မင်းသားငါးက ထရပ်လိုက်ကာ
"ဟင့်အင့်! ဝါးလုံးစိမ်းကိုမီးထဲထို့ထည့်သလိုဖြစ်နေတာကို ဒီအတိုင်း ရပ်ကြည့်မနေနိုင်ဘူး။ အစ်ကိုတော် အားဟွမ်၊ အစ်ကိုတော် ကူညီဖို့ တွန့်ဆုတ်နေရင် ကျွန်တော် နည်းလမ်းရှာမယ်"အစ်ကိုအားဟွမ်နဲ့ချင်းကျူက လိုက်ဖက်တဲ့အတွဲဆိုပေမဲ့ သူ့မှာလည်း ချင်းကျူအတွက် ခံစားချက်ရှိနေသည်။ ကံမကောင်းတာက အစ်ကိုအားဟွမ်က သူမရဲ့ဘဝကို သေသေရှင်ရှင် ဂရုစိုက်မနေဘူး။
YOU ARE READING
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...