စာစဉ် - ၄/ အခန်း - ၉၃+၉၄
အခန်း - ၉၃
ယူသွားဖို့ အရာအားလုံးကို ပြင်ဆင်ပြီးတော့ ဖုန်းချီထုံ နယ်စပ်ကိုသွားဖို့ သတင်းက အတည်ဖြစ်သွားခဲ့သည်။
ထိုသတင်းထွက်လာတာနဲ့ သူ့ကိုကြောက်လန့်နေကြတဲ့ လူတိုင်းက သူ့ကို အထင်ကြီးလေးစားသွားကြသည်။
ဒါကမှ အိမ်ရှေ့စံမင်းသားပဲလေ!
အခု သူက နယ်စပ်ကိုသွားပြီး တိုင်းပြည်အတွက် တိုက်ခိုက်တော့မယ်။ အခြားမင်းသားတွေဆို သွားတောင်မသွားဘူးလေ။
*
ဒုတိယမင်းသားစံအိမ်။
နယ်စပ်က စစ်ပွဲအကြောင်းကိုကြားတော့ ဒုတိယမင်းသားရော ငါးယောက်မြောက်မင်းသားရော အံ့သြနေကြသည်။ ထန်ချင်းကျူရဲ့အိပ်မက်တွေက မှန်နေတယ်လေ။
"အစ်ကိုတော် အားဟွမ်။ အခု ချင်းကျူပြောတဲ့အတိုင်း ဖုန်းချီထုံက နယ်စပ်ကိုသွားပြီ။ ကျွန်တော်တို့ရဲ့ အခွင့်အရေးပဲ"
ဖုန်းချီထုံ မြို့တော်မှာမရှိတာက သူတို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်သည်။
ဒုတိယမင်းသားရဲ့အကြည့်က မပြောင်းလဲသွားပေမဲ့ စိတ်ထဲမှာတော့ နောက်တစ်နှစ်ကျရင် နန်းပလ္လင်မှာထိုင်နေတဲ့ သူ့ကိုယ်သူမြင်ယောင်ကာ ကျေနပ်နေတော့သည်။
ကမ္ဘာကြီးကိုပိုင်စိုးရင် အလှလေးတွေက ဒူးထောက်ပြီး ခစားကြလိမ့်မယ်။ ဘယ်လောက်တောင် ကျေနပ်စရာကောင်းလဲ?
မကြာခင်မှာပဲ လကုန်ရက်ရောက်လာခဲ့သည်။ ရက်ကောင်းတစ်ရက်ကိုရွေးပြီး ဖုန်းချီထုံ စစ်သား200000ဦးဆောင်ကာ နယ်စပ်ကို ချီတက်သည်။
လှည်းထဲမှာထိုင်ပြီး လိုက်လာခဲ့တဲ့ ထန်ဝမ်က လိုက်ကာကိုဖွင့်ကာ အပြင်ဘက်က မှောင်မည်းမည်းကြီးကိုကြည့်ပြီး နည်းနည်းလန့်သွားခဲ့သည်။
ဖုန်းချီထုံက အနောက်က မြင်းစီးကာလိုက်လာသည်။ သူက ငွေရောင်သံချပ်ကာဝတ်စုံကိုဝတ်ထားကာ အေးစက်မှု အရှိန်အဝါတွေလွှတ်ထုတ်ထားတာတောင်မှ ပိုပြီးကြည့်ကောင်းနေသေးသည်။
YOU ARE READING
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...