123+124

1.1K 154 3
                                    

စာစဉ် - ၅ / အခန်း - ၁၂၃ +၁၂၄

အခန်း - ၁၂၃

"ကောင်းပြီလေ။ သွားကြရအောင်။ ငါတို့ နောက်ကျတော့မယ်"

"အင်း"
လျှိုရှုထုံခေါင်းညိမ့်ပြီးတော့ ဆိုင်ကယ်ဦးထုပ်ကိုယူကာ ထန်ဝမ်ကိုကမ်းပေးလိုက်သည်။

"ဇနီးလေးက ဒါကိုဆောင်း"

သူ့ရဲ့ဆိုင်ကယ်မောင်းတဲ့စကေးကို အရမ်းကိုယုံကြည်မှုရှိပေမဲ့လည်း ဝမ်ဝမ်က ပိန်ပါးတဲ့ကလေးမလေးမို့ ခိုင်မြဲအောင်မကိုင်ထားတတ်မှာစိုးရိမ်မိသည်။

သူကမ်းပေးတဲ့ ဘရန်းအသစ်ဦးထုပ်ကို ထန်ဝမ်ကြည့်ကာ ပြုံးလိုက်သည်။ ပြီးမှ ဦးထုပ်ကိုယူကာ ဆောင်းလိုက်သည်။ ပြီးတော့ နှစ်ယောက်သား ကျောင်းအတူသွားကြသည်။

သူတို့ကျောင်းရောက်ခါနီးအရှေ့က တစ်ခုခုက လာဖြတ်သည်။ ဒါကြောင့် လျှိုရှုထုံက ဘရိတ်အမြန်သတ်လိုက်ရကာ ထန်ဝမ်ကလည်း သူ့နောက်ကျောနဲ့ကပ်သွားပြန်သည်။

လျှိုရှုထုံ နူးညံ့မှုလေးကို ခံစားလို့မဝသေးခင် ထန်ဝမ်က သူ့ခါးကိုလိမ်ဆွဲကာ နားထဲသို့ပြောလိုက်တဲ့စကားက
"နောက်တစ်ခါ အကြမ်းပတမ်းနဲ့ဘရိတ်သတ်ရင် နောက်ထပ် နင့်ဆိုင်ကယ်ကို လိုက်မစီးတော့ဘူး" တဲ့။

ဒီတော့ လျှိုရှုထုံက ချက်ချင်းပင်
"မတော်တဆဖြစ်သွားတာ ဇနီးလေးရဲ့။ ဒီတစ်ကြိမ်ကတော့ မတော်တဆဖြစ်သွားတာပါကွာ"

"ဟမ့်"

နောက်တော့ လျှိုရှုထုံ ဆိုင်ကယ်ကိုငြိမ်အောင်မောင်းကာ အရမ်းကြီးဘရိတ်မအုပ်တော့။ ကျောင်းရောက်တော့ ထန်ဝမ် ဆိုင်ကယ်ဦးထုပ်ကိုချွတ်ကာ သူ့ကိုပေးလိုက်သည်။ ပြီးတော့ သူ ဆိုင်ကယ်ကိုကားပါကင်မှာသွားထားမှာကို စောင့်နေလိုက်သည်။

ခဏကြာတော့ လျှိုရှုထုံက ကားပါကင်ထဲကနေ ပြန်ပြေးထွက်လာသည်။

"သွားရအောင်။ အတန်းထဲမြန်မြန်သွားပြီး ဘန်းကိတ်စားကြမယ်"

ထန်ဝမ်ပြောလိုက်တော့ လျှိုရှုထုံက မြန်မြန်ခေါင်းညိမ့်သည်။

နှစ်ယောက်သားအတန်းထဲ အတူတူဝင်လာကြတော့ တစ်တန်းလုံးက ကျောင်းသားအကုန် သူတို့ဘက်လှည့်ကြည့်လာကြသည်။ ကျောင်းသားကောင်းတွေကတော့ သာမန်ပဲကြည့်ကာ Killing Mattsတွေကတော့ လျှိုရှုထုံကို တောက်ပနေတဲ့မျက်လုံးနဲ့ကြည့်ပြီး ထန်ဝမ်ကိုတော့ ချီးကျူးတဲ့မျက်လုံးတွေနဲ့ အကြည့်နေကြသည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now