63+64+65+66

3.2K 366 3
                                    

စာစဉ် - ၃/ အခန်း - ၆၃+၆၄

အခန်း - ၆၃

ဘာသာပြန်သူ - Emily (KKMJPKJL)

ထန်ဝမ် အခန်းကိုပြန်ရောက်တော့ သူမရဲ့အနီးကပ်အစေခံက ဒူးထောက်ကာ အမှားအတွက်တောင်းပန်လာသည်။

"တောင်းပန်ပါတယ် မမလေး! အဲဒီအချိန်တုန်းက ကျွန်မ အဝတ်လဲခန်းထဲမှာရှိမနေခဲ့လို့ပါ။ ဒါကြောင့် မမလေးက တော်ဝင်မင်းသားနဲ့တွေ့…"

"ထတော့။ ဒီကိစ္စက နင်နဲ့မဆိုင်ဘူး"

ထန်ချင်းကျူက ဝိုင်ခွက်ကို လက်နဲ့တိုက်ချလိုက်တာဖြစ်ပြီး သူမကလည်း မရှောင်လိုက်ဘူးလေ။ ဖုန်းချီထုံအနားကိုရောက်ဖို့အတွက် သူမလည်းပဲ အဲဒီလိုနေလိုက်တာပဲလေ။

စကားမစပ် ရှေးခေတ်ယောက်ျားတွေက အရမ်းကိုနက်ရှိုင်းတာပဲ။

အစေခံထွက်သွားတော့ ထန်ဝမ် မူလပိုင်ရှင်ရဲ့အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။ အခန်းပုံစံက အထူးကောင်းမွန်သည်။ ထန်ဝမ်လည်း ရှေးခေတ်ပစ္စည်းကောင်းနည်းနည်းပါးပါးတော့သိသည်။ ကြမ်းတမ်းတဲ့တံမြက်စည်းတောင်မှ ရှေးခေတ်ကဟာဆိုရင် ဈေးကြီးတဲ့ပစ္စည်းကောင်းတွေပဲလေ။

ထန်ချင်းကျူက အရမ်းမနာလိုဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ ထန်မိသားစုရဲ့ထန်ဝမ်အပေါ် အရေးပေးမှုက…အရမ်းကိုပဲ။ အခြားသူဆိုလည်း မနာလိုဖြစ်မိမှာပဲ။

ဒါပေမဲ့ ဖုန်းချီထုံရဲ့အခန်းနဲ့ယှဉ်လိုက်ရင် ဒီလိုအခန်းမျိုးက ရိုးရှင်းသွားလေပြီ။

သိပ်မကြာခင်မှာပဲ အမတ်ထန်ကော်ရောက်လာခဲ့သည်။ ထန်ဝမ် အိပ်ဆောင်ထဲကနေ မြန်မြန်ထွက်လိုက်ကာ

"အဖိုး!"
ထန်ဝမ် ရှေ့တစ်လှမ်းတက်ကာ အရိုအသေပေးလိုက်သည်။

ထန်ဝမ်ကိုမြင်တော့ ထန်ကော် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
"ဝမ်ဝမ် သမီး မင်းသားကို မကြိုက်ဘူးဆိုတာကို အဖိုးသိပါတယ်။ ဒါပေမဲ့ သူက မင်းကို အလောတကြီးလက်ထပ်ချင်နေတယ်။ တော်ဝင်စာကြည့်ဆောင်မှာတုန်းက သူက သူ့ဂုဏ်သိက္ခာအပျက်ခံပြီး မင်းကို ကာကွယ်ပေးခဲ့တာ။ သူက သမီးရဲ့ယုံကြည်မှုနဲ့ ထိုက်တန်ပါတယ်။ သမီး မင်းသားအိမ်တော်ကိုသွားရင် မင်းကို ဒေါသထွက်အောင်မလုပ်မိဖို့ အထူးသတိထားရမယ်နော်။ သိပြီလား?"

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now