စာစဉ် - ၆/ ၁၂၉+၁၃၀
အခန်း - ၁၂၉
/ဒင် - လျှိုရှုထုံရဲ့နှစ်သက်မှု ၂တိုးလာပါတယ်။ လက်ရှိအမှတ်က ၁၀၀ပါ။ ဗီလိန်လျှိုရှုထုံရဲ့စိတ်ကို အရယူနိုင်ခဲ့လို့ ဂုဏ်ပြုပါတယ်/
ထန်ဝမ် နည်းနည်းကြောင်သွားသည်။ ဒါက တကယ်ကိုမမျှော်လင့်ထားတဲ့အရာပဲလေ။ ရုတ်တရက်ကြီး သူ့ရဲ့နှစ်သက်မှုက ၁၀၀အထိရောက်သွားတာ။
ဒါပေမဲ့ ဒါက ရိုးရိုးလေးပါပဲ။ ငယ်ရွယ်တဲ့အချစ်က အမြဲတမ်းရိုးရှင်းပြီးတော့ လှပတယ်။ အခြားအရာတွေကို တွေးစရာမလိုပဲ ကိုယ်ချစ်တဲ့သူကို ချစ်လိုက်ရုံလေးပဲ။ အရမ်းရိုးရှင်းတယ်။
ထန်ဝမ် ရယ်နေရုံပဲတတ်နိုင်ခဲ့သည်။
လျှိုရှုထုံကတော့ သူမကို ရူးသွပ်နေတဲ့အမူရာနဲ့ကြည့်လာကာ
"ဇနီးလေး မင်းပြုံးလိုက်ရင် ကမ္ဘာကြီးက အရမ်းကြီးလင်းထိန်သွားသလိုခံစားရတယ်ကွာ။ အရမ်း….ကိုလှတာပဲ"ထန်ဝမ် ပါးတွေပူထူလာသည်။ ထိုအချိန် ခုံအောက်ကနေ လျှိုရှုထုံက သူမလက်ကို တင်းတင်းဆုပ်ကိုင်လိုက်ကာ
"ကိုယ်က ပြီးပြည့်စုံတဲ့လူတစ်ယောက်ဆိုတာကို သိပါတယ်။ ကျန်းဟွမ်နဲ့ဘယ်လို ယှဉ်လို့ရပါ့မလဲကွာ"
သူက အကပြိုင်ပွဲမှာ လူပေါင်းများစွာကို အနိုင်ယူခဲ့တဲ့သူပါနော်။ ကျန်းဟွမ်က သူ့ကိုယှဉ်နိုင်မှာလားတဲ့။
ဇနီးလေးက အရမ်းကိုအမြင်ကောင်းရှိတာပဲ။
ထန်ဝမ် ပြောစရာစကားမဲ့သွားသည်။ ဒါပေမဲ့ သူ့ကိုသတိပေးလိုက်သေးသည်။
"အိုခေ။ ဆရာလာနေပြီ။ အတန်းချိန်စပြီနော်"
"အင်း"
လျှိုရှုထုံ မတ်မတ်ထိုင်လိုက်ပေမဲ့ သူမလက်ကိုတော့ မလွှတ်သေး။ ထန်ဝမ် သူ့လက်ကိုဆိတ်ဆွဲလိုက်သည်။ထင်ထားတဲ့အတိုင်းပဲ လျှိုရှုထုံ မျက်နှာကြီးနီရဲသွားကာ လက်ကိုလွှတ်ပေးလိုက်သည်။ ထန်ဝမ် သူ့ကိုကြည့်လိုက်ကာ
"ဘာဖြစ်နေတာလဲ"
လျှိုရှုထုံက သက်ပြင်းဖွဖွလေးချကာ အတွင်းထဲက ဆူပွက်နေတဲ့သွေးတွေကို ထိန်းလိုက်ပြီး ပြုံးပြသည်။
"အဆင်ပြေပါတယ်။ စာအုပ်ကိုကြည့်"

ESTÁS LEYENDO
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...