စာစဉ် - ၁ / အခန်း - ၁၅+၁၆
အခန်း - ၁၅
ဘာသာပြန်သူ - Emily (KKMJPKJL)
ထန်ဝမ်စုန့်ရဲ့စကားတွေကိုကြားတော့ ထန်ဝမ်က ရုတ်တရက်ရယ်လိုက်ကာ
"ဒယ်ဒီ သူတောင်းစားကို စွန့်ကြဲနေတာလား? ထန်အုပ်စုရဲ့လက်ရှိဈေးကွက်တန်ဖိုးက 10ဘီလီယံကျော်တယ်ဆိုတာကို မသိတဲ့သူရှိလို့လား? သမီးလက်ထဲက 10ရာခိုင်နှုန်း ရှယ်ယာကရော. သမီးက အသက်ငယ်သေးတယ်ဆိုပေမဲ့ နှစ်တိုင်း သမီးအိတ်ကပ်ထဲမှာပဲ ရှိရမယ့်အရာလေ။ အခု ဒယ်ဒီပေးနေတဲ့ ပမာဏက အရမ်းနည်းလွန်းတယ်! သမီးကို မယုံရင် ကျောင်းက ချမ်းသာတဲ့ဒုတိယမျိုးဆက်တွေကို လိုက်မေးကြည့်လိုက်ပါဦး။ တစ်လစာ မုန့်ဖိုး 5သိန်းမရတဲ့သူ ဘယ်သူရှိလဲလို့! ဒယ်ဒီပဲပြောတယ်မလား. ထန်မိသားစုက သမီးလို့လေ။ အခု ထန်မိသားစုက သမီးက ပိုက်ဆံမရှိလို့ လူတွေကို မျက်နှာတောင်မပြရဲဘူးသိလား! သမီး အရမ်းရှက်တာပဲ! အန်တီကျစ်လက်မှာဝတ်ထားတဲ့ ခိုဥလေးကတောင် 50မီလီယံရှိတာနော်! ဒယ်ဒီက သူမအတွက်တော့ ဝယ်ပေးတယ်။ သမီးအတွက်ပေးတဲ့ မုန့်ဖိုးကတော့ ချိုးဥလောက်တောင် မရှိဘူး။ ဒီသတင်းသာပြန့်သွားရင်… ဒယ်ဒီက သမီးအရင်းထက် အိပ်ရာပေါ်က မိန်းမကို ပိုပြီးအလေးပေးတယ်ဆိုပြီး အတင်းပြောကြမယ်ဆိုတာကို မသိဘူးလား!"တစ်ဖက်မှာရပ်ပြီး ထန်ဝမ်ရဲ့စကားကို နားထောင်နေတဲ့ ထန်ယိထုံက အမူအရာမပြောင်းပေမဲ့ စိတ်ထဲမှာတော့ မျက်ဖြူလှန်နေပြီ။
သူသိသမျှကတော့ ကျောင်းက ဒုတိယမျိုးဆက်လူချမ်းသာကလေးတွေက တစ်လ မုန့်ဖိုး 1သိန်းတောင် အများဆုံးရတာဖြစ်သည်။ ထန်ဝမ်ကတော့ ပါးစပ်ဟလိုက်တာနဲ့ 5သိန်းတဲ့။ ထန်ဝမ်စုန့် ရိပ်မိသွားမှာကို သူမ မကြောက်ဘူးလား?
ထန်ဝမ်စုန့်က လူတွေကို သံသယဝင်တတ်တဲ့စရိုက်မရှိ။ ထန်ဝမ်ကို သူပေးတဲ့မုန့်ဖိုးနည်းတာက ကျစ်ရှရဲ့စကားကြောင့်ဖြစ်သည်။ တစ်ခါ သူမ ဒေါသထွက်တုန်းကဆိုရင် ထန်ဝမ်ရဲ့မုန့်ဖိုးကို တစ်လ 2သောင်းကနေ 2ထောင်ကိုပဲပေးပြီး အပြစ်ပေးဖို့ပါ ပြောဖူးသည်။
ဒါကြောင့် အခု ထန်ဝမ်ပြောတဲ့စကားတွေကို ထန်ဝမ်စုန့်က လွယ်လွယ်ပဲ ခွင့်ပြုပေးလိုက်သည်။
YOU ARE READING
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...