141+142

1.1K 99 7
                                    

စာစဉ် - ၆/ ၁၄၀+၁၄၂

အခန်း - ၁၄၁ 

သူပြန်လာတာမြင်တော့ ထန်ဝမ် သူ့ကိုတစ်ချက်ကြည့်ကာ ဆက်ကစားနေလိုက်သည်။ ရှစ်မိနစ်လောက်ကြာတော့ အပြင်ဘက်ကနေ ကြုံးဝါးသံကြီးက ထွက်လာသည်။

"ဘယ်သူက ဒီလောင်ဇီကို အိတ်အမဲနဲ့စွပ်ပြီး ညစ်ညစ်ပတ်ပတ်တွေ လာလောင်းချတာလဲကွ။ ဘယ်ကောင်က အနောက်ကနေ လာတိုက်တာလဲကွ!"

ထိုအသံကိုကြားလို့ လူတိုင်းက လှည့်ကြည့်လိုက်တော့ အောင်းထျန်းတစ်ယောက် ဝက်လိုဖြစ်နေတာကိုတွေ့လိုက်ရသည်။

လျှိုရှုထုံက ချက်ချင်းမတ်တပ်ရပ်ပြီး မနှစ်မြို့တဲ့အမူရာလုပ်လိုက်ကာ
"အိုး…တကယ့် သတင်းကောင်းပဲ!"

သူပြောလိုက်တာနဲ့ အောင်းထျန်းက သူ့ဘက် ချက်ချင်းလှည့်လာကာ
"လျှိုရှုထုံ မင်းလက်ချက်မလားကွ"

လျှိုရှုထုံက စိတ်အေးလက်အေးဖြင့်
"ငါလည်း အဲလိုပဲထင်ပါတယ်။ ဒါပေမဲ့ မင်းကတော့ ငါ့လက်နဲ့လုပ်ရလောက်အောင် မထိုက်တန်ဘူး။"

သူ့အမူရာက /မင်းကို ငါ့လက်နဲ့ကိုယ်တိုင်လုပ်ရအောင်ထိ မင်းက ထိုက်တန်လို့လား/ ဆိုတဲ့သဘောဆောင်ထားသည်။

အောင်းထျန်းတစ်ယောက် ရှုပ်သွားသည်။ ဒါပေမဲ့ လျှိုရှုထုံတစ်ယောက်တည်းကသာ ဒီလိုလုပ်ရဲတာကို သူသိသည်။ ဒါပေမဲ့ လျှိုရှုထုံဆိုတဲ့အကောင်က သူမမေးလည်း ထုတ်ပြောလာမှာ။

"မင်းမဟုတ်ရင် ပိုကောင်းမယ်နော်"

ထို့နောက် အခြားသူတွေကိုကြည့်လိုက်ကာ
"ငါ့ကိုဘယ်သူရိုက်ခဲ့တယ်ဆိုတာကို ဒီလောင်ဇီ သိရဲသိကြည့်။ ငါ့ကိုစောင့်နေကြ"

ပြောပြီးတာနဲ့ သူထွက်သွားသည်။

သူ မသိလိုက်တာက လျှိုရှုထုံဆိုတဲ့အင်ပါယာသခင်လေးက သူ့ကောင်မလေးရှိနေလို့ တိုးတိုးတိတ်တိတ်အနိုင်ကျင့်လိုက်တယ်ဆိုတာကိုပါပဲ။

အောင်းထျန်းထွက်သွားတော့ လျှိုရှုထုံက ထန်ဝမ့်ဘက်ကိုလှည့်လိုက်ကာ
"ဇနီးလေး နောက်ကျနေပြီ။ ကိုယ်တို့ပြန်ကြရအောင်"ဟမ်း

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now