89+90

2.5K 332 1
                                    

စာစဉ် - ၄ /အခန်း - ၈၉+၉၀

အခန်း - ၈၉

ထန်ဝမ် မျက်ခုံးပင့်ကာ ဖုန်းချီထုံ အပြုံးတစ်ခုနဲ့ကြည့်လိုက်သည်။

"ကျွန်မယောက်ျားက ကျွန်မရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကျေနပ်အားရမှုမရှိဘူးဆိုတာကို သိလိုက်ရပြီ"
သူမရဲ့အကြည့်တွေက သတ်တော့ဖြတ်တော့မလို။

ထန်ဝမ်က အိမ်ရှေ့စံကို ဒီလိုလေသံနဲ့ပြောလိုက်တာကို ကြားလိုက်ရတော့ အစေခံတွေ ရှော့ခ်ရသွားကြသည်။

ချီးပဲ!

ကမ္ဘာကြီးက ပြောင်းလဲသွားတာလား?

မင်းသမီးက အိမ်ရှေ့စံကို ဒီလိုပြောရဲတယ်? အိမ်ရှေ့စံက ဒေါသထွက်ပြီး သူမကို ရိုက်သတ်ခိုင်းလိုက်မှာကို မကြောက်ဘူးလား?

ထိုခဏမှာ လူတိုင်း ခေါင်းငုံ့ထားလိုက်ကြသည်။

ထိုအချိန် ဖုန်းချီထုံကတော့ ထန်ဝမ်ရဲ့အကြည့်ကြောင့် တွေဝေနေသည်။

"ကြင်ယာတော်က အရမ်းတွေးနေတာပဲ။ ကိုယ်တော်က မင်း အိမ်ရှေ့စံအိမ်တော်မှာ ပျင်းနေမှာကြောက်လို့ပါ။ မင်း စံအိမ်မှာ တစ်ယောက်တည်းပျင်းနေမှာစိုးလို့ ကိုယ်တော်က မင်း မပျင်းရလေအောင် ဒီလူတွေကို သွားရှာထားတာ။ မင်း အကတွေ အနုပညာတွေကို သင်ယူတာ စိတ်ဝင်စားမလားလို့။ မင်း မလိုချင်ရင် ကိုယ်တော် သူတို့ကို ပြန်ပို့လိုက်မယ်လေ"

ထန်ဝမ် နှာခေါင်းရှုံ့လိုက်ကာ
"မလိုပါဘူး။ ဆက်နေခိုင်းလိုက်ပါ"

ဖုန်းချီထုံက အကောင်းဆုံးလူတွေကို ရှာထားမှာအသေချာပင်။ ဒီလူတွေဆီကနေ သူမ နည်းနည်းလေးပဲ သင်ထားရင်တောင် သူမအတွက် အများကြီးအကျိုးရလိမ့်မည်။ ပညာတွေကို သူမသင်ထားရင် နောက်ကမ္ဘာတွေမှာ အသုံးဝင်လိမ့်မယ်လို့ ချစ်စရာလေးက ပြောခဲ့သည်။ အခု သင်ယူထားရင် နောက်ထပ် ရှေးခေတ်တွေကိုရောက်ရင် အဆင်ပြေတာပေါ့။

အောင်မြင်မှုက ပြင်ဆင်ထားတဲ့သူတွေပဲ ရတတ်တာ။

ထန်ဝမ် သဘောတူလိုက်တာကိုမြင်တော့ ဖုန်းချီထုံမနေနိုင်ပဲ ပြုံးလိုက်သည်။ အမှန်တော့ သူ ထန်ဝမ်ကို အထင်လွဲမိသွားတာဖြစ်သည်။ ထန်ဝမ် ဒေါသထွက်နေတယ်လို့ သူထင်ခဲ့တာပင်။ သူမက သူမရဲ့ခံနိုင်ရည်အား နည်းတယ်ဆိုတာကို သိသားပဲ။ ဒါက သူ့ကို စိတ်ကျေနပ်စေတယ်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now