စာစဉ် - ၄/ အခန်း - ၉၁+၉၂
အခန်း - ၉၁
ထိုအချိန် ထန်ဝမ် ကိုယ်ကို လှည့်လိုက်ကာ သူမလက်ကို ဖုန်းချီထုံရဲ့ရင်ဘတ်ပေါ်တင်ပြီး စာပို့လိုက်သည်။ ဒီလိုစာပို့နည်းကို ဖုန်းချီထုံခေါ်လာပေးတဲ့ အစေခံတစ်ယောက်ဆီက သင်ထားတာဖြစ်သည်။
ထန်ဝမ်ရဲ့နည်းလမ်းကြောင်း ဖုန်းချီထုံ ကိုယ်ရောစိတ်ပါ နေလို့ကောင်းသွားကာ အသက်ရှူနှုန်းမှန်လာသည်။ ထိုအရာကိုမြင်မှ ထန်ဝမ် စိတ်သက်သာရာရသွားသည်။ ထို့နောက် တံခါးအနားမှာစောင့်နေတဲ့ အစေခံကိုခေါ်လိုက်သည်
"သွားပြီးတော့ အရှင်မင်းသားအတွက် ကြက်သားစွပ်ပြုတ်လုပ်ထား။ နေ့လည်စာအတွက် ပြင်ဆင်ထားနော်။ ငါ့ကို နေ့လည်ခင်းကျရင် လာနှိုးလိုက်"
အစေခံမလေးက ခေါင်းညိမ့်ပြကာ အိပ်ခန်းထဲကနေ ထွက်သွားသည်။
ထန်ဝမ် အိပ်ရာပေါ်ပြန်လှဲချလိုက်ကာ ဖုန်းချီထုံရဲ့မျက်နှာကို ဘေးတိုက်ငေးကြည့်နေလိုက်သည်။
လက်ထပ်ထားတာ လချီနေပြီဆိုပေမဲ့ သူမစိတ်ထဲ အဖြေရှာမရသေးတာက *ဘာလို့ ဒီလူက အရမ်းကိုခန့်ညားပြီး ကြည့်ကောင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားရတာလဲ?
သူ့ကိုကြည့်နေရင်း သူမ အိပ်ငိုက်လာတာကြောင့် မျက်လုံးမှိတ်လိုက်ကာ သူမလက်တစ်ဖက်ကို ဖုန်းချီထုံရဲ့ရင်ဘတ်ပေါ် တင်လိုက်သည်။
ထိုခဏ ဖုန်းချီထုံ တစ်ခုခုကို ခံစားမိသွားကာ ရုတ်တရက်လက်မြောက်ပြီး သူမလက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
နေ့လည်ခင်း။
ဖုန်းချီထုံအရင် နှိုးလာခဲ့သည်။ သူ မျက်လုံးဖွင့်လိုက်တာနဲ့ ခေါင်းငုံ့ပြီး သူ့လက်မောင်းဆီ ကြည့်လိုက်သည်။ျ
ထန်ဝမ်က ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ သူ့လက်မောင်းပေါ် လှဲအိပ်နေတာကို တွေ့လိုက်ရတော့ သူ့နှုတ်ခမ်းထောင့်တွေ ကော့တက်သွားကာ ခံစားချက်တွေကောင်းသွားသည်။
ထိုအချိန် အစေခံမလေးက ထန်ဝမ်ကို နှိုးဖို့ရောက်လာသည်။ ဖုန်းချီထုံ အိပ်ရာကနေနှိုးနေတာကိုတွေ့တော့ ကြမ်းပြင်ပေါ် ချက်ချင်းဒူးထောက်လိုက်သည်။
ESTÁS LEYENDO
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...