စာစဉ် - ၄ /အခန်း - ၈၁+၈၂
အခန်း - ၈၁
ဖုန်းချီထုံက ထန်ကော်ကို
"အဖိုးလည်း မြင်မှာပါ။ ဒီနိမ့်ကျတဲ့မိန်းမက ဝမ်ဝမ်ကို အဖိုးရှေ့မှာရော ကိုယ်တော့်အရှေ့မှာပါ ဒီလိုပြောရဲတယ်။ နောက်ကွယ်မှာဆိုရင် ဝမ်ဝမ့်ကို ဘယ်လိုတောင် အပုပ်ချနေလိမ့်မလဲ!"
ထိုစကားကိုကြားတော့ ထန်ကော် တည်ကြည်တဲ့အမူအရာဖြစ်သွားကာ
"အရှင်မင်းသား မစိုးရိမ်ပါနဲ့။ ဒီအမတ်အိုက ဘာလုပ်ရမလဲဆိုတာကို သိပါပြီ""ကောင်းတယ်။ ဒါက အဖိုးတော်ရဲ့မိသားစုအရေးဖြစ်တာကြောင့် ကိုယ်တော် ဝင်မစွက်ဖက်တော့ပါဘူး။ ဒါပေမဲ့ သူမက အိမ်ရှေ့မင်းသားရဲ့ဂုဏ်သိက္ခာကို ပုပ်ချတာကြောင့် ကိုယ်တော် ဒါကိုတော့ အပြစ်ပေးရမယ်"
"အရှင်မင်းသားပြောတာမှန်ပါတယ်"
ထန်ကော် သက်ပြင်းရှိုက်လိုက်သည်။ဖုန်းချီထုံ စိတ်သက်သာရာရသွားသလို ခေါင်းညိမ့်လိုက်ကာ ထန်ဝမ်ကိုခေါ်ပြီး အခန်းထဲကနေ ထွက်သွားသည်။
"သူမကို ဂရုစိုက်ထားလိုက်"
ထန်ကော်အေးစက်စက်စကားတစ်ခွန်းပြောခဲ့ကာ ဝတ်ရုံလက်ကိုခါပြီး ဖုန်းချီထုံအနောက်ကို လိုက်သွားသည်။ထန်ဝမ် ဖုန်းချီထုံရဲ့အင်္ကျီလက်ကိုဆွဲပြီး မေးလိုက်သည်။
"ခင်ပွန်း စတုတ္ထညီမလေးက ရှင့်ကို ရန်စခဲ့လို့လား?"ဖုန်းချီထုံက သူမကို ဘေးတိုက်ကြည့်လာကာ
"သူမက မင်းနဲ့ကိုယ်တော်ကြားက ဆက်ဆံရေးကို ရန်စလာတာလေ။ ဒါ ကိုယ်တော့်ကို ရန်စတာနဲ့ အတူတူပဲ။ ပြီးတော့ ထန်ချင်းကျူက လူကောင်းမဟုတ်ဘူး။ ဒါကြောင့် အနာဂတ်မှာ သူမနဲ့မဆက်သွယ်နဲ့"သူ့ရဲ့ကြင်ယာတော်လေးက အရမ်းရိုးစင်းလွန်းတယ်။ ထန်ချင်းကျူ သူမအပေါ် လုပ်ခဲ့တာတွေကို အသိပေးလိုက်လို့ မဖြစ်ဘူး။
ဖုန်းချီထုံက သူမကို ကာကွယ်ပေးတယ်ဆိုတာကို သိတော့ ထန်ဝမ်ခေါင်းညိမ့်လိုက်သည်။
"အမှန်တော့ စတုတ္ထညီမလေးပြောတာမှန်ပါတယ်။ အဲဒီကဗျာက…အဲဒီကဗျာကိုရေးဖို့ သူမက ကျွန်မကို ကူညီပေးခဲ့တာပါ"
YOU ARE READING
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...