137+138

1K 125 2
                                    

စာစဉ် - ၆/ အခန်း - ၁၃၇+၁၃၈

အခန်း - ၁၃၇

ဆွေးနွေးနေကြတဲ့ကျောင်းသူတွေကြားမှာ လင်းဝမ်လည်းပါသည်။ အစကတော့ လျှိုရှုထုံကြောင့်ပဲ ဒီအလယ်တန်းကျောင်း ၂ ကိုရောက်လာတာပင်။ မမျှော်လင့်ပဲ ဒီဆေးလိပ်သောက်တဲ့လူဆိုးကောင်ကလည်း မိသားစုငွေ ဒေါ်လာ၂၀၀၀၀ကိုသုံးဖြုန်းပြီး ဒီကျောင်းကိုရောက်လာတယ်လေ။

အသုံးအဖြုန်းကြီးတဲ့ကောင်။ သူ့ကိုကျောင်းပြောင်းပေးမယ့် ဒေါ်လာတစ်သောင်းကို သူမအတွက် ပန်းချီအတန်းမှာသုံးဖို့ ပေးလိုက်မယ်ဆိုရင်တောင် ပိုကောင်းဦးမယ်။

ထိုအချိန် ကျန်းဟွမ်လို့ခေါ်တဲ့ကောင်လေးကလည်း ကျောင်းဂိတ်ဝမှာပေါ်လာသည်။ သူက အရမ်းကိုခန့်ညားကာ အပြုံးတစ်ခုကိုအမြဲချိတ်ဆင်ထားပြီး နွဦေးလေပြေလေးလိုပဲ ခံစားချက်ကိုရစေတယ်။

အခြားယောက်ျားလေးတွေနဲ့ယှဉ်လိုက်ရင် သူက အရမ်းကိုနွေးထွေးမှုရှိပြီး ယဉ်ကျေးတယ်။ ဒါပေမဲ့ အခုလျှိုရှုထုံနဲ့ယှဉ်လိုက်ရင်တော့ အရမ်းအရမ်းကို ဝေခွဲရခက်တ်။

ကျန်းဟွမ်လည်း လျှိုရှုထုံကိုတွေ့သွားပေမယ့် တစ်ချက်ပဲကြည့်ကာ သူ့ကျောင်းခန်းရှိရာကိုဆက်သွားလိုက်တယ်။ ဒါပေမဲ့ လင်းဝမ်က သူ့ဆီကိုဦးတည်လိုက်သွားသည်။

နှစ်ယောက်က အတန်းတူသည်။ တစ်ယောက်က မော်နီတာ တစ်ယောက်က ကျောင်းသားရေးရာအဖွဲ့ဝင်။ အမြဲတမ်းလိုလိုနှစ်ယောက်က တွေ့ဖြစ်တယ်လေ။ သူတို့က တစ်ယောက်နဲ့တစ်ယောက် စနောက်ပျော်ရွှင်တတ်ပေမဲ့ နောက်တစ်နှစ်ကျရင် ကောလိပ်ဝင်ခွင့်ဖြေရတော့မှာဆိုတော့ သိပ်ပြီးတော့ စကားမပြောဖြစ်ကြပဲ စာပဲလုပ်ဖြစ်တာများသည်။

"ကျန်းဟွမ် သူတို့ကိုလျစ်လျူရှုထားလိုက်၊ ဘာမှမဟုတ်တဲ့လူတွေ"
လင်းဝမ်က ကျန်းဟွမ်ကိုကြည့်ပြီးပြောလိုက်တယ်။

ဒီကမ္ဘာကြီးက မျက်နှာကိုကြည့်ပြီးလည်ပတ်နေတာမဟုတ်ဘူးလေ။ အရည်အချင်းကသာ အရေးကြီးဆုံးပဲ။ ကျန်းဟွမ်က ကောင်းကောင်းကြီးပြင်းပြီးတော့ အဆင့်ကလည်း ၂။ နောက်ဆို သူ ကောလိပ်ကောင်းကောင်းမှာ တက်နိုင်လိမ့်မယ်။ လျှိုရှုထုံကရော? မျက်နှာလေးပဲရှိပြီး ဘာအရည်ချင်းမှမရှိတဲ့ အလှကြည့်မှန်ပဲလေ။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now