စာစဉ် - ၃ /အခန်း - ၅၅+၅၆
အခန်း - ၅၅
ဘာသာပြန်သူ - Emily (KKMJPKJL)
ထန်ဝမ် တစ်ယောက်ယောက်ကို သတိထားမိသွားကာ ဖုန်းချီထုံရဲ့လက်မောင်းကို ချက်ချင်းဆွဲလိုက်သည်။ ထိုစဉ်ရေနဲ့ထိတွေ့လိုက်ရသလိုမျိုး တစ်ဖက်လူရဲ့လက်ကိုယူကာ သူမမျက်နှာနဲ့ ဖိကပ်လိုက်သည်။
ခဏကြာတော့ သက်တောင့်သက်သာမဖြစ်တော့တဲ့ ပုံစံနဲ့ ပါးစပ်ဟလိုက်ကာ
"ထုံထုံ! ငါ…ရေသောက်ချင်တယ်!"
ပြီးတော့ သူမ ဖုန်းချီထုံရဲ့လက်ချောင်းတွေကို ကိုက်ချလိုက်သည်။နူးညံ့ပြီးစိုစွတ်တဲ့အထိအတွေ့လေးက ချီထုံကို မှင်သက်နေရာမှ နိုးလာစေသည်။ သူ့ရဲ့မျက်ဝန်းနက်နက်က ထန်ဝမ်ရဲ့နှုတ်ခမ်းတွေအပေါ်ရောက်သွားသည်။ လည်စလုတ်က လှုပ်ရှားသွားပြီး ခဏအတွင်းမှာ ခေါင်းကိုငုံ့လိုက်ကာ သူမရဲ့အနီရောင်နှုတ်ခမ်းပါးတွေကို ကလေးတစ်ယောက် ချိုလိမ်စုပ်သလို စုပ်ယူလိုက်သည်။
တကယ်ကို ချော်ထွက်နေပြီး အရမ်းကိုနူးညံ့တာပဲ! နူးညံ့တဲ့တို့ဖူးကို စားနေရတာထက်ကို ပိုကောင်းနေသေး!
ထန်ဝမ်ကတော့ သူ့ပါးစပ်ကို ရေကဲ့သလို့ အငမ်းမရစုပ်ယူလာသည်။ သူမရဲ့လက်မောင်းတွေက သူ့လည်ပင်းကို ဖက်တွယ်လိုက်ကာ သူနဲ့ထိတွေ့နေတဲ့ သူမရဲ့ခန္ဓာကိုယ်ကလည်း မယုံနိုင်လောက်အောင်ကို မရိုးမသားဖြစ်လာသည်။
ဖုန်းချီထုံကတော့ သူ့လက်ထဲက တုန်ရီနေတဲ့ယုန်သူငယ်လေးကို ထိန်းကိုင်ထားကာ တစ်လုတ်တည်းနဲ့ စားပစ်လိုက်ချင်စိတ်ကို ထိန်းထားရသည်။
/ဒင်! ဖုန်းချီထုံရဲ့နှစ်သက်မှုက 20တိုးလာပါတယ်။ လက်ရှိရမှတ်က 10ပါ/
ဒါပေမဲ့ ထန်ဝမ်ကတော့ ထိုအသံကို မကြားတော့။ သူမရဲ့ကိုယ်တွင်းကနေ တိုးထွက်လာတဲ့ အပူချိန်ကြောင့် ဖုန်းချီထုံကို တစ်ကိုယ်လုံးမှီထားကာ သက်တောင့်သက်သာဖြစ်အောင် နေဖို့ကြံနေသည်။
ထိုအချိန် တံခါးအပြင်ဘက်က အစေခံတစ်ယောက်ရဲ့အသံထွက်လာသည်။
"မမလေး ကျွန်မ ပြန်လာပါပြီ"
ထိုအသံကိုကြားတော့ ဖုန်းချီထုံ ရုတ်တရက် အသိစိတ်ပြန်ဝင်လာသည်။ ခေါင်းကိုငုံ့ကြည့်လိုက်တော့ ထန်ဝမ်ရဲ့ ရီဝေနေတဲ့မျက်ဝန်းတွေကို တွေ့လိုက်ရပြီး သူ့မျက်လုံးတွေ နက်မှောင်သွားသည်။ သူ ထန်ဝမ်ရဲ့ကိုယ်လေးကို လက်တစ်ဖက်နဲ့မလိုက်ကာ သူ့ဝတ်ရုံနဲ့ခြုံပေးလိုက်ပြီး ဘေးခန်းကနေ ခြေသံမကြားစေရပဲ ထွက်လာခဲ့သည်။
YOU ARE READING
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...