စာစဉ် - ၇
အခန်း - ၁၅၅+၁၅၆
အခန်း - ၁၅၅သူမကိုမြင်တော့ ထိုကောင်မလေးဟာ ခဏလောက်ရပ်သွားပြီးမှ နှုတ်ခမ်းကိုက်ကာ စတူဒီယိုထဲပြေးဝင်သွားသည်။
"နောက်ကျသွားတဲ့အတွက် ဆောရီးပါ။ နိုက်တင်ဂေးရဲ့အဓိကဇာတ်လိုက်မင်းသမီးရဲ့အသံသရုပ်ဆောင်အင်တာဗျူး လာဖြေတာပါရှင့်"ထန်ချီက ဝန်ထမ်းကိုပြောလိုက်တော့ ဝန်ထမ်းက ခဏကြောင်အသွားပြီးမှ
"ဒါဆို အထဲဝင်ပါ"သူမအသံက တကယ်ကိုနူးညံ့ပြီးချိုမြိန်ကာ အလွန်ကိုသိမ်မွေ့သည်။
ထန်ချီ တစ်ဖက်လူကိုပြုံးပြကာ စတူဒီယိုထဲဝင်သွားသည်။ ဒါကိုမြင်ပြီးတော့ ထန်ဝမ် ကြာကြာမနေတော့။ ဘာပဲဖြစ်ဖြစ် ရလဒ်က မူရင်းဇာတ်လမ်းထဲကအတိုင်းပဲဖြစ်မှာပဲလေ။ ဒီမှာဆက်နေပြီး ဇာတ်လိုက်နဲ့ဇာတ်လိုက်မကို ကြည့်မနေချင်။
အခု သူမစဉ်းစားဖို့လိုနေတာက ယန်ထုံအနားကို ဘယ်လိုကပ်ပြီး သူ့ရဲ့နှစ်သက်မှုရအောင် ဘယ်လိုလုပ်ရမလဲဆိုတာဖြစ်သည်။ ဒါပေမဲ့ ထိုလူက မွန်းစတားအကြီးစားဆိုတာကို သိလိုက်ရတော့ ထန်ဝမ် ရှက်သလိုလိုတောင်ခံစားလိုက်ရသည်။
အခြားတစ်ယောက်က သူမကိုသင်ပေးမှာကို တကယ်စိတ်မဝင်စားပါ။
/ချစ်စရာလေး ငါ သူ့ကြောင့်****ဖြစ်ဖြစ် အခြားတစ်ခုခုဖြစ်ရင် နင် ငါ့ကိုကယ်ပေးနိုင်မလား/
ထန်ဝမ် ချစ်စရာလေးနဲ့ အရင်ညှိဖို့ပြင်လိုက်သည်။သူမစကားကိုကြားတော့ ချစ်စရာလေးက လည်ပင်းကျုံ့သွားပေမယ့် ကြည်လင်နေတဲ့အသံနဲ့ပြန်ဖြေလာသည်။
/host မင်း သူနဲ့အတွဲမဖြစ်ရင်တောင် မစ်ရှင်ကမ္ဘာမှာ စီစတမ်ဘက်ကနေဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပါ//ငါ သူ့လက်ထဲမှာကစားခံရရင်တောင် နင်ကကြည့်နေပြီးလျစ်လျူရှုပစ်မှာပေါ့ ဟုတ်လား/
ထန်ဝမ် အန္တရာယ်ရှိတဲ့လေသံနဲ့ပြောလိုက်တော့/အင်း…/
ချစ်စရာလေးတွေဝေနေရသည်။/အင်း ပြောစရာမလိုတော့ဘူး။ ငါ နားလည်ပြီ!/
ထန်ဝမ် ဒေါသထွက်စွာပြောလိုက်သည်။
YOU ARE READING
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...