147+148

825 84 2
                                    

စာစဉ် - ၆/ အခန်း - ၁၄၇+၁၄၈

အခန်း - ၁၄၇

လျှိုရှုထုံ ဖုန်းကိုင်လိုက်ကာ မြို့ထဲပန်းဆိုင်ကနေ နှင်းဆီပန်း ၉၉၉ပွင့်ကို အော်ဒါမှာပြီး သူ ကြိုတင်စာရင်းသွင်းထားတဲ့ ဟိုတယ်အခန်းထဲကိုပို့ခိုင်းလိုက်သည်။

တိုးတိုးတိတ်တိတ်စီစဉ်ပြီးနောက် သူ ရှက်သွေးဖြာကာ ထန်ဝမ်ရဲ့လက်ကိုကိုင်ပြီး
"ဇနီးလေး သွားကြရအောင်"

ထန်ဝမ် ပြုံးနေတဲ့သူ့ကိုကြည့်ပြီး သူမပါ လိုက်ပြုံးမိသွားသည်။

ဟိုတယ်ကိုရောက်လို့ အခန်းထဲဝင်လိုက်တာနဲ့ချက်ချင်း အိပ်ရာပေါ်က အသည်းပုံဖော်ထားတဲ့နှင်းဆီပန်းပွင့်ဖတ်တွေကို တွေ့လိုက်ရသည်။

ထန်ဝမ် ရင်ထဲက ချိုမြိန်မှုကို ခံစားလိုက်ရသည်။

မိသားစုက သူ့ကိုမုန့်ဖိုးတွေအများကြီးပေးတော့ လျှိုရှုထုံမှာ ပိုက်ဆံအများကြီးရှိသည်။ အခု သူက နှင်းဆီပန်းတွေအများကြီးဝယ်ပြီးတော့ မြို့ထဲက ဟိုတယ်အခန်းကိုပါ ဘိုကင်တင်ထားတယ်လေ။ အစကတည်းက ဒီလိုကြံထားသလိုပဲ။

အနာဂတ်မှာ သူ ဆက်ပြီးချမ်းသာနေလို့ နောက်ထပ် စပရိုက်တွေအများကြီးလုပ်ပေးရင်တောင် ဒီနေ့လောက် စပရိုက်ဖြစ်မှာမဟုတ်ဘူးလို့ သူမ တွေးမိသည်။

ထန်ဝမ်က အိပ်ရာကိုစိုက်ကြည့်နေတာကိုမြင်ပြီး လျှိုရှုထုံ တွေဝေသွားကာ
"ဇနီးလေး ကြိုက်ရဲ့လား?"

ထန်ဝမ် ပြုံးပြီးခေါင်းညိမ့်ပြလိုက်ကာ
"ကြိုက်တယ်"

လျှိုရှုထုံ စိတ်သက်သာသွားကာ သက်ပြင်းချလိုက်သည်။ ပြီးတော့ ထန်ဝမ်ကိုဖက်ကာ သူမရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကို ငုံ့ကြည့်လိုက်သည်။

သူ စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ်အားပေးနေသည်။
//လျှိုရှုထုံ အရေးကြီးတဲ့အရာလုပ်ဖို့ကို ဒါတွေနဲ့ သူမကို မဖြားယောင်းနဲ့//

ဒါပေမဲ့ သူ မနေနိုင်ပဲထုတ်မေးလိုက်မိသည်။
"ဇနီးလေး မင်းအခု နောင်တရဖို့အချိန်ရှိသေးတယ်နော်"

ထန်ဝမ် တခစ်ခစ်ရယ်ကာ
"ထုံထုံ ဒီတစ်ခေါက်ကို ငါ နားလည်ပါတယ်။ ငါ ရှေ့ဆက်မယ်လေ"

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now