149+150

1.3K 115 9
                                    

စာစဉ် - ၆/ အခန်း - ၁၄၉+၁၅၀

အခန်း - ၁၄၉

ဒါပေမဲ့ လျှိုရှုထုံနဲ့ထန်ဝမ်ကတော့ သူတို့နဲ့ဝေးတဲ့မြို့က တက္ကသိုလ်မှာသွားတက်သည်။ လျှိုရှုထုံရဲ့ပုံပန်းသွင်ပြင်က လူငယ်များစွာကို တကယ်ဆွဲဆောင်နိုင်သည်။

လျှိုရှုထုံက အစကတည်းက အကဝါသနာပါသူဖြစ်သည်။ အခု သူက အရွယ်ရောက်နေပြီဖြစ်ကာ မချစ်မိခဲ့ဘူးဆိုရင် ပိုက်ဆံတွေကို အိမ်မှာပဲ ဖြုန်းပစ်မိမှာပဲ။ သူ ပိုက်ဆံပိုရှာပြီးတော့ ထန်ဝမ်ကို ပိုကောင်းတဲ့ဘဝတစ်ခုကို ပေးချင်သည်။ ဒါကြောင့် ကုမ္ပဏီကောင်းတစ်ခုနဲ့ သူ စာချုပ်ချုပ်လိုက်သည်။

စာချုပ်ချုပ်ပြီးတော့ အချိန်တစ်ခုကြာတဲ့အထိ သူ traineeဆင်းရသည်။ ဒါပေမဲ့ ကုမ္ပဏီကိုရောက်တော့ traineeအားလုံးက စကေးကောင်းကြသည်ကိုတွေ့လိုက်ရသည်။ သူ တစ်ယောက်တည်းကသာ တောင့်တောင့်ကြီးကတတ်နေသည်။

ကံကောင်းလို့ သူ ကြည့်ကောင်းနေလို့ပေါ့။ မူလက Kill Mattတွေရဲ့ ဆံပင်ပုံစံက သာမန်နဲ့မတူပဲ ကွဲထွက်နေတယ်မလား။ ဒါပေမဲ့ သူကတော့ ပုံမှန်နဲ့မတူပဲ တစ်မူထူးခြားကာ ပိုမိုမိမိုက်တဲ့ပုံစံကိုပေးစွမ်းသည်။

သင်တန်းသားအနေနဲ့ အကကိုသင်ယူရာမှာ အကဆရာတောင် အံ့အားသင့်သွားရသည်။ ဒါပေမဲ့ လျှိုရှုထုံက အကမှာပါရမီပါပါသည်။ အချိန်တစ်ခုထိ သင်တန်းဆင်းပြီးတော့ ချောချောမွေ့မွေ့ ပွဲဦးထွက်နိုင်ခဲ့သည်။ လျှိုရှုထုံ ပွဲဦးထွက်တဲ့အချိန်နဲ့တစ်ချိန်တည်းမှာပဲ နာမည်ကြီးလာတဲ့သူတွေလည်းရှိသည်။

ကျန်းဟွမ်ကတော့ လျှိုရှုထုံနဲ့ကွာခြားသည်။ သူ့မိသားစုက ဂီတမိသားစုမလို့ သူက သဘာဝအတိုင်းပဲ အနုပညာလောကထဲကိုဝင်လိုက်ရသည်။ သူက ပွဲဦးထွက်ပြီးတာနဲ့ချက်ချင်း /ဘုရင်လေး/ဆိုတဲ့ နာမည်ကိုရလိုက်ပြီ။ 

ဒါပေမဲ့လည်း သူ့ရဲ့ကြည့်ကောင်းမှုက လျှိုရှုထုံရဲ့မျက်နှာကို လိုက်မမှီ။ အနုပညာလောကထဲမှာ အရည်အချင်းရှိမှ အောင်မြင်မှာဆိုပေမယ့်လည်း ရုပ်ရည်က အဓိကဖြစ်သည်။ မူရင်းဇာတ်လမ်းထဲမှာလိုပဲ လျှိုရှုထုံက အောင်မြင်မှုရလာခဲ့သည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now