109+110

1.6K 211 4
                                    

စာစဉ် - ၅/ အခန်း  ၁၀၉+၁၁၀

အခန်း - ၁၀၉

/ဒင် လျှိုရှုထုံရဲ့နှစ်သက်မှုရမှတ်က ၂၀တိုးလာပါတယ်။ လက်ရှိမှာ ၅၀ရှိနေပါပြီ/

ထန်ဝမ် အသိပြန်ဝင်လာတော့ နေလို့ကောင်းသွားသည်။

/ဒင် လျှိရှုထုံရဲ့ရမှတ်က ၁၀မှတ်တိုးလာပါတယ်။ လက်ရှိမှာ ၆၀ ပါ။ host ဘာလို့ အခု သူ့ကိုသွားနှုတ်မဆက်တာလဲ။ သူ့နှစ်သက်မှုက အရမ်းမြန်မြန်တိုးလာနေတာနော်/
ဒီလိုဆိုရင် ပစ်မှတ်က ပိုပြီးကိုင်တွယ်ရလွယ်ကူမှာမဟုတ်လား။

ချစ်စရာလေးပြောတာကိုကြားတော့ ထန်ဝမ်က အေးအေးဆေးဆေးပုံစံနဲ့
/ငါ တိတ်တိတ်လေးပဲနေချင်တယ်/

စိတ်ငြိမ်ငြိမ်ထားမှ ဒါပြီးရင် ဘာထပ်လုပ်ရမလဲဆိုတာကို ကောင်းကောင်းတွေးနိုင်မှာလေ။

/ကျင်းကျင်းက ဘယ်သူလဲ/
ချစ်စရာလေးက မေးလာသည်။

ထန်ဝမ် …

//ငါနင့်ကို သတ်ချင်နေပြီ//

ထန်ဝမ် လှည့်ထွက်သွားတာကိုမြင်တော့ လျှိုရှုထုံ သူ့မြင်ကွင်းထဲကနေ ပျောက်သွားတဲ့အထိ လိုက်ကြည့်နေသည်။ နောက်တစ်ကြိမ် သူမကို ပြန်တွေ့ရပါ့မလားဆိုတာကို မသိပေ။

//အား…ကိုယ့်ရဲ့နတ်သမီးလေး။ ကိုယ်တို့နောက်ထပ် ပြန်တွေ့ရပါစေလို့ ဆုတောင်းပါတယ်ကွာ//

ထို့နောက် သူ သူ့အဖွဲ့သားတွေကို မေ့ကာ ထန်ဝမ်ထွက်သွားတဲ့ဘက်ကို အချစ်မှာကျရှုံးနေသူတစ်ယောက်လို လက်ယမ်းပြနေခဲ့သည်။

သူလုပ်နေတာကိုမြင်တော့ F4ဖွဲ့ထဲက တစ်ယောက်က
"အစ်ကိုကြီး ငါတို့ ဆက်မကစားတော့ဘူးလား"

"ဟင့်အင့်"
ထို့နောက် သူ ထန်ဝမ်ထွက်သွားတဲ့ဘက်ကိုကြည့်ပြီး အနောက်ကနေ လိုက်ထွက်သွားတော့ အခြားKiller Mattတစ်ယောက်က

"ကြည့်ရတာ အခွင့်ရေးမရှိပုပဲ။ တကယ်ကိုအထီးကျန်စရာပဲ။ ဒါပေမဲ့ ငါ အထီးကျန်တဲ့ခံစားချက်ကိုကြိုက်တယ်"

"မလွယ်ဘူးမလား။ ဆေးလိပ်သွားသောက်ရအောင်။ အာ…နင်က ဆေးလိပ်မသောက်တတ်ဘူးပဲ။ အထီးကျန်စရာပဲကွာ"
ပြောတဲ့လူက အရင်တစ်ယောက်ရဲ့ပုခုံးကိုပုတ်ကာ ဆံပင်တွေကိုဖွပြီးသွားပြီးမှ ထွက်သွားခဲ့သည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now