စာစဉ် - ၂ / အခန်း - ၄၃+၄၄
အခန်း - ၄၃
ဘာသာပြန်သူ - Emily (KKMJPKJL)
ဒါပေမဲ့ ယွင်နွမ်ကတော့ ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ အနားကိုရောက်လာတာနဲ့ အမှောင်ထဲမှာရပ်နေတဲ့ လူများစွာကိုလည်း သူမ တွေ့လိုက်ရသည်။ ထိုအချိန် သူမ စိတ်ထဲကနေ တွေးလိုက်မိတာက
*ငါ လူနည်းနည်းပဲခေါ်ခဲ့တာပါ။ သူတို့က ထန်ဝမ်ကြည့်ကောင်းတာကိုမြင်လို့ နောက်ထပ် လူတွေကိုပါ ထပ်ခေါ်လိုက်သေးတာလား? ဒါပေမဲ့ ဒီလောက်ထိကတော့ များလွန်းတယ်လေ။ ဟုတ်တယ်ဟုတ်?*ထိုအချိန်မှာ ဘော်ဒီဂတ်တစ်ရာက ယူနီဖောင်းတွေမဝတ်ပဲ လှုပ်ရှားနေတာဖြစ်သည်။ အလယ်နားကိုရောက်တော့မှ ယွင်နွမ် သူမရှာနေတဲ့ အရောင်ကွဲဆံပင်နဲ့လူတွေကို တွေ့လိုက်ရသည်။ သူမ မျက်နှာက ချက်ချင်းဖြူဖျော့သွားကာ လက်တွေက တုန်ရီလာသည်။
ထန်ဝမ်က အေးစက်နေတဲ့အရှိန်အဝါနဲ့အတူ လူအုပ်ထဲကနေထွက်လာကာ ယွင်နွမ်ကို အေးစက်စက်ကြည့်လိုက်သည်။
"ကျောင်းသူယွင်နွမ် ငါ နင့်ကို ဘာလုပ်ခဲ့မိလို့လဲ? နင်က ငါ့ကိုဖျက်ဆီးဖို့ လူတွေကို လွှတ်လိုက်တယ်ပေါ့?"
ထန်ဝမ် ယွင်နွမ်ကို တည့်တည့်စိုက်ကြည့်လိုက်ကာ မေးလိုက်သည်။သူမက အဓိကအတွဲကို ဝင်မနှောင့်ယှက်ပေမဲ့ အဓိကဗီလိန်မက သူမပဲလေ။ လာရောက်ထိပါးတာကို သည်းခံပြီးပြန်လွှတ်တတ်တဲ့အထဲမှာ ဗီလိန်ရာထူးကို ခံယူထားတဲ့ သူမ မပါဘူး အိုခေ?
ဒါ့အပြင် သူမက အဓိကဇာတ်လိုက်ကို လုယူနေတာလည်းမဟုတ်သလို သူတို့ရဲ့ဆက်ဆံရေးကို ဝင်နှောင့်ယှက်နေတာလည်း မဟုတ်ပေ။ စနစ်ကနေ သတိပေးနေတယ်ဆိုပေမဲ့ သူမ မကြောက်ပေ။
ထန်ဝမ်ရဲ့စကားတွေကိုကြားတော့ ယွင်နွမ်တုန်ရီလာကာ ရှင်းပြသည်။
"ထန်ဝမ် နင် ငါ့ကို တစ်ခုခုအထင်လွဲနေတာများလား? နင်ပြောတာကို ငါ နားမလည်ဘူး""ဟမ်! သူ့ကိုမေးကြည့်လေ"
ပြောရင်းနဲ့ ဆံပင်အဝါရောင်နဲ့လူကို သူမခြေထောက်နဲ့ ကန်ထည့်လိုက်သည်။ထိုလူက နာကျင်မှုကြောင့် အော်ဟစ်နေသည်။
"ငါ့ကိုဖျက်ဆီးဖို့ နင့်ကို ဘယ်သူခိုင်းတာလဲ?"
ထန်ဝမ် အေးစက်စက်လေသံနဲ့မေးလိုက်သည်။
YOU ARE READING
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...