117+118

1.9K 234 15
                                    

စာစဉ် - ၅ / အခန်း - ၁၁၇+၁၁၈

အခန်း - ၁၁၇

"မင်း လက်မခံဘူးဆိုရင် ကိုယ်သေသွားတာပဲကောင်းပါတယ်"
သူ လက်ပေါ်ဓားနဲ့တစ်ချက်ဆွဲလိုက်တော့ သွေးစိမ့်ထွက်လာသည်။

ထန်ဝမ် - !!!

"မလုပ်ုနဲ့။ ရပ်လိုက်။ ငါ ကတိပေးတယ်"
ထန်ဝမ် မြန်မြန်ပြောလိုက်သည်။

လျှိုရှုထုံက သူမကို မကြောက်ဘူးဆိုတာကို သူမ သိသည်။ ဒီအရူးကောင်က ကိုယ့်ကိုယ်ကိုယ်တောင် နာအောင်လုပ်ရဲတယ်လေ။

အရမ်းပင်ပန်းရတာပဲ။

သူ့ရဲ့နှစ်သက်မှုက အရမ်းကိုတိုးတက်တာမြန်ပေမဲ့ သူက အရင်ကမ္ဘာနှစ်ခုက ဗီလိန်တွေထက် ပိုပြီးဆက်ဆံရခက်ပြီး ပင်ပန်းရတယ်လို့ ထန်ဝမ် ခံစားရသည်။

ထန်ဝမ်ရဲ့စကားကိုကြားတော့ သူ ဓားကိုချက်ချင်းလွှင့်ပစ်ကာ ဘလင်းဘလင်းတောက်ပနေတဲ့ မျက်လုံးတွေနဲ့ ထန်ဝမ်ကိုကြည့်ကာ
"နောင်တ မရကြေးနော်"

"နောင်တမရဘူး။ နင်က ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်တောင်လုပ်တာ အရူးလား"

"ဒါက ဒဏ်ရာသေးသေးလေးပါပဲ။ အမာရွက်မရှိတဲ့ယောက်ျားရှိလို့လား။ အဲဒီအပြင် ဒါက မင်းနဲ့ကိုယ့်ရဲ့အမှတ်တရ ဆုတံဆိပ်တစ်ခုပေါ့"

ထန်ဝမ် - ကုစရာဆေးမရှိတော့ဘူး

သူမ အနာကပ်ပလာစတာကိုယူထုတ်လိုက်သည်။ ဒါတွေကို မူလကိုယ်က စတိုင်အဖြစ် မျက်နှာမှာကပ်တာဖြစ်သည်။

သူမ အနာကပ်ပလာစတာယူထုတ်တာကိုမြင်တော့ သူက လက်ကိုအရှေ့တိုးပေးလာသည်။ သူ့နှလုံးသားထဲမှာတော့ အပျော်တွေနဲ့ပြည့်နှက်နေသည်။
//နည်းနည်းနာကျင်ခဲ့ရပေမဲ့ အောင်မြင်မှုအကြီးကြီးရခဲ့တာပဲ//

သူမက ဖြူစင်ပြီးချစ်စရာကောင်းတဲ့မိန်းကလေးဆိုတာကို သူ သိသည်။ သူမက နာကျင်မှုသေးသေးလေးကိုတောင် စိတ်ပူနေရှာမှာပေါ့။

သူ ထန်ဝမ်ကို ယုတ်မာတော့မယ့်အပြုံးနဲ့ကြည့်နေရင်းကနေ သူမ လှည့်လာတော့ ချက်ချင်းကို ကြောင်ပေါက်လေးအရုပ်ပြောင်းသွားကာ
"မင်း ကိုယ့်ကို တစ်ချက်လောက်ကိုက်ကြည့်ပါလား။ ကိုယ်တို့ တစ်ခါတည်းလက်ထပ်ကြရအောင်"

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now