95+96

2.3K 305 6
                                    

စာစဉ် - ၉၅+၉၆

အခန်း - ၉၅

ထန်ဝမ် သူ့နောက်ကျောကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်ကာ နူးညံ့စွာပြောလိုက်သည်။
"ရေအရင်ချိုးလိုက်လေ။ သွေးတွေပေနေတာ နေရမခက်ဘူးလား?"

ဖုန်းချီထုံ သူမကိုလွှတ်လိုက်ကာ ရေချိုးကန်ဆီလျှောက်သွားသည်။ သွေးတွေအားလုံး သူ့ကိုယ်ပေါ်ကနေ ပြောင်မသွားခင် ရေကန်ကို နှစ်ခါလောက် အသစ်ပြန်ဖြည့်လိုက်ရသည်။

ရေချိုးကန်ထဲက ရဲရဲနီနေတဲ့ရေတွေကိုကြည့်ကာ ထန်ဝမ် စိတ်ထဲလေးလံသွားသည်။ မနေ့ညက စစ်ပွဲကို ကိုယ်တိုင်မျက်စိနဲ့ တပ်အပ်မမြင်ခဲ့ရပေမဲ့ ဖုန်းချီထုံကိုယ်ပေါ်က သွေးတွေကိုကြည့်ရုံနဲ့တင် လူဘယ်လောက်တောင် သေသွားလဲဆိုတာကို ခန့်မှန်းကြည့်နိုင်သည်။

ဖုန်းချီထုံ ဆံပင်ကို ရေစင်အောင်သုတ်ပေးပြီးနောက် စည်းပေးကာ ကြက်စွပ်ပြုတ်ကိုကိုယ်တိုင်နွေးပြီး ဂရုတစိုက်ယူလာပေးသည်။

မကြာခင် ဖုန်းချီထုံက အပြင်ကို ထပ်ထွက်သွားသည်။

သူထွက်သွားတော့ ထန်ဝမ်က ချစ်စရာလေးကို
/ချစ်စရာလေး ဖုန်းချီထုံက ဘာဖြစ်တာလဲ? သူ နေမကောင်းဖြစ်နေတာလား?/

ချစ်စရာလေးက မြန်မြန်ပြန်ဖြေလာသည်။
/ဟုတ်တယ် host။ သွေးနဲ့လူသတ်တာက ဖုန်းချီထုံရဲ့အတွင်းစိတ်ကြမ်းတမ်းမှုကိုဖြစ်ပေါ်စေတယ်။ မူရင်းဇာတ်ကြောင်းမှာ ဖုန်းချီထုံက တစ်နှစ်ကြာပြီးနောက်မှာ ရူးသွားတယ်လေ။ ဒါကလည်း အကြောင်းပြချက်တစ်ခုပဲ/

/ဒါဆို ငါ ဘာလုပ်သင့်လဲ?/

စစ်ပွဲတစ်ခေါက်တိုက်အပြီးမှာ သူမရဲ့နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းနမ်းရှိုက်ပြီးနောက် သူ အဆင်ပြေသွားခဲ့သည်။ နောက်ထပ်စစ်ပွဲတွေကျရင်ရော? သူ့ရဲ့သည်းခံမှုအတိုင်းတာ ကျော်လွန်သွားခဲ့ရင်ရော?

/host စိုးရိမ်စရာမလိုပါဘူး။ host သူ့အနားမှာရှိနေသရွေ့ သူ့ရဲ့ကြမ်းတမ်းတဲ့စိတ်ကို တွန်းလှန်လို့ရပါတယ်။ ဖုန်းချီထုံလည်း ဒါကိုသိပါတယ်။ တစ်ခုခုဖြစ်ရင် သူ မင်းဆီလာလိမ့်မယ်။ အဲဒီအချိန်ကျရင် Hostက ကျုပ်ပေးထားတဲ့ 108နည်းကို ထုတ်သုံးရုံပဲ/

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now