47+48+49+50

4K 463 7
                                    

စာစဉ် - ၂ / အခန်း - ၄၇+၄၈

အခန်း - ၄၇

ဘာသာပြန်သူ - Emily (KKMJPKJL)

နွေရာသီပိတ်ရက်ပြီးသွားတော့ နှစ်ယောက်အတူတူ ကောလိပ်သွားတက်ကြသည်။ မူရင်းဝတ္ထုမှာကတော့ ထန်ယိထုံက လုယိတက်တဲ့ ဆေးမေဂျာကိုယူခဲ့သည်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ထန်ယိထုံက ကွန်ပျူတာသိပ္ပံကိုယူခဲ့သည်။

မပြောင်းလဲပဲကျန်ခဲ့တာကတော့ ထန်ဝမ်နဲ့ထန်ယိထုံက အတန်းအတူတူ ထိုင်ခုံအတူတူဆိုတာပင်။ မူရင်းဝတ္ထုနဲ့တူဖို့ဆိုတာတော့ မဖြစ်နိုင်ပါ။ ဘာလို့ဆို မူရင်းဝတ္ထုမှာ သူတို့နှစ်ယောက်က လုံးဝကိုမတည့်ကြတဲ့ လူသားနှစ်ယောက်ဖြစ်နေတာကြောင့်ပင်။

နိုင်ငံရဲ့အတော်ဆုံးချန်ပီယံဆုရတဲ့ ထန်ယိထုံက တက္ကသိုလ်လာတက်တယ်ဆိုတော့ ကောလိပ်အတူတူမိန်းကလေးတွေက လာလာရှိုးပြီး အထာတွေလာပေးကြသည်။ ဒါပေမဲ့ အချိန်ကြာကြာမပေးရပဲ သူတို့ရဲ့ကျောင်းမြက်ခင်းလေးက နှစ်တစ်ထောင်အဖိုးအိုကြီးလို တည်ငြိမ်လွန်းပြီး ကျောက်တုံးလိုလူသားဆိုတာကို သိသွားကြတော့သည်။

ဒါပေမဲ့ သူ့အစ်မထန်ဝမ်ကတော့ သိမ်မွေ့ပြီးတက်ကြွသည်။ ရေမတွက်နိုင်တဲ့မိန်းကလေးတွေကတော့ သူမရဲ့မောင်လေးကိုခေါ်ထုတ်သွားပြီး သူမကို ရိုက်သတ်ချင်နေကြသည်။

ဒါပေမဲ့ ဘယ်သူမှမသိတာကတော့ ထန်ဝမ်က သူ့ကို မောင်လေးအဖြစ်နဲ့ မိတ်ဆက်ပေးတဲ့အချိန်တိုင်း ထန်ယိထုံကတော့ သူတို့က ဘာသွေးသားတော်စပ်မှုမှ မရှိဘူးဆိုတာကို ပြောပြချင်လွန်းလို့ ရူးတော့မယ်ဆိုတာပင်။

လေးနှစ်ကြာပြီးနောက်…

မစ်ရှင်ပြီးမြောက်မှုဘားက 99%မှာပဲ ရပ်နေတာ အရမ်းကြာနေပြီ။

ချစ်စရာလေးက အကူအညီမဲ့စွာနဲ့
/host ကြည့်ဦး။ အခု မင်းအသက်က22နှစ် ရှိပြီနော်။  မစ်ရှင်ဘားပြည့်ဖို့ ဘာမှမလုပ်တော့ဘူးလား?/

/ဟုတ်သားပဲ.. ငါ ဒီနေ့ ဝိုင်သောက်ဖို့ အခွင့်အရေးရှာလိုက်ရမလား?/

/ကောင်းတယ်/
ချစ်စရာလေးက အပြည့်အဝထောက်ခံလိုက်သည်။

ဒါပေမဲ့ ထိုညက ထန်ယိထုံတစ်ယောက် ည 9နာရီတိုင်အောင်အထိ အိမ်ပြန်မလာခဲ့သေးပေ။ လုပ်ငန်းစလုပ်ကတည်းက ထန်ယိထုံ အလုပ်များနေတယ်ဆိုတာကို သူမသိပါသည်။ သူ ပြန်လာတဲ့အချိန်မှာ အရက်နံ့စွဲကပ်လာတာကို သူမလည်း မအံ့သြနေတော့။ စားသောက်ပွဲတစ်ခုခု တက်ခဲ့ရလို့ဖြစ်မှာပါ။ သူမ ရှေ့တိုးသွားလိုက်ကာ

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now