စာစဉ် - ၅/အခန်း - ၁၀၇+၁၀၈
အခန်း - ၁၀၇
ထန်ဝမ် သူမလက်ချောင်းတွေ ညောင်းကိုက်မသွားခင်အချိန်ထိ လေ့ကျင်ခဲ့သည်။ သူမ ကီးဘုတ်ကိုမျက်နှာအပ်လိုက်ကာ
/ချစ်စရာလေး ဒီလိုနှုန်းနဲ့ဆိုရင် ငါ ဘယ်အချိန်လောက်မှ လျှိုရှုထုံရဲ့လက်ရည်ကိုမှီမှာလဲ//စိတ်မပူပါနဲ့။ ထပ်ပြီးတော့သာ လေ့ကျင့်နေစမ်းပါ။ ကျွမ်းကျင်တဲ့ဆရာတစ်ယောက် အသေအချာကိုဖြစ်လာမှာပါ/
ထန်ဝမ် သက်ပြင်းချလိုက်ကာ
/သိပြီ/ထို့နောက် သူမ ထရပ်ကာ အံဆွဲထဲက ပိုက်ဆံအိတ်ကိုယူပြီး ဆံပင်ပြင်ဖို့အတွက် အပြင်ထွက်သွားခဲ့သည်။
ထန်ဝမ် ဆံပင်ညှပ်ဆိုင်ကိုရောက်သွားတဲ့အခါမှ ဆိုင်ထဲက ညီအစ်ကိုတွေများစွာက သူမကို လှည့်ကြည့်လာသည်။ သူတို့ထဲက တစ်ယောက်က စိတ်လှုပ်ရှားစွာ
"Tears နင့်ရဲ့ဆံပင်က ဘယ်ရောက်သွားတာလဲ။ နင့်ဆံပင်ကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ"
ထိုသူ့စကားကိုကြားတာနဲ့ အခြားလူတွေကလည်း ချက်ချင်းလှည့်ကြည့်လာကြကာ အံ့သြတဲ့အမူအရာတွေ ပြလာကြသည်။
မိမိုက်တဲ့ပုံစံက သူ့ရဲ့အမှတ်အသားတစ်ခုဖြစ်ပေမဲ့ killing mattကိုတော့ မယှဉ်နိုင်သေးပေ။ အားလုံးကရုတ်တရက် ဒေါသထွက်လာကြတော့ ထန်ဝမ် လန့်သွားသည်။
"အိုး ငါ့အဖေက ငါ့ကို ဒီလိုထားဖို့ခွင့်မပြုဘူးလေ။ ငါ့အတွက် ဒီအတိုင်းထားလို့ရပါတယ်။ ငါ ဆံပင်ညှပ်ပစ်လိုက်တာ။ အပြုအမူကောင်းဖြစ်သွားတာပေါ့"
ထိုစကားကြောင့် အားလုံးရဲ့မျက်နှာပေါ်မှာ ???တွေ ပေါ်လာသည်။
Tearsက ရွာသူကြီးရဲ့သမီးလေ။ ရွာသူကြီးက သူမကို ဆံပင်ညှပ်မပစ်ခင် သူမက အဲလိုစကားတွေပြောခဲ့သေးတယ်ဆိုတာ ဟုတ်ပါ့မလား။ သူ့အဖေက သူ့သမီးလေးကို အရမ်းချစ်တာလေ။
ထန်ဝမ် ခေါင်းလျှော်ပြီးထိုင်ခုံမှာဝင်ထိုင်တော့ သူမကို ဆံပင်လုပ်ပေးမယ့် ဟောင်ဇီက ခေါင်းကိုက်တဲ့အမူအရာနဲ့
"Tears ငါ နင့်အတွက် အဆင်သင့်တောင်လုပ်ပေးထားတာကို။ နင်တကယ်ကြီး ဆံပင်ကို အမဲပြန်ဆိုးချင်တာလား။ နင့်အဖေကို ပြောသင့်တယ်နော်။ ငါတို့ကလန်ရဲ့ချစ်စရာစွာသော မိသားစုဝင်လေးက နှလုံးရေးရာမှာ အနိုင်ရသင့်တာကို"
သူတို့ရဲ့အလှပကို သာမန်လူတွေက ဘယ်လိုနားလည်ပါ့မလဲ။
YOU ARE READING
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...