119+120

1.3K 172 3
                                    

စာစဉ် - ၅/အခန်း - ၁၁၉+၁၂၀

အခန်း - ၁၁၉

ထန်ဝမ် သူမအိမ်ကိုပြန်ရောက်သွားခဲ့သည်။ လျှိုရှုထုံက စိတ်နည်းနည်းပျက်သွားသည်။

"မိန်းမ ရောက်ပြီ"

ထန်ဝမ် သူ့ကို စိုက်ကြည့်ကာ ဆိုင်ကယ်ပေါ်က ဆင်းလိုက်သည်။ ထိုအချိန် ထန်ဝမ် ဝယ်ထားတဲ့ အမွေးပွခွေးအသေးလေးက ရုတ်တရက်ပြေးထွကလာကာ ထန်ဝမ်ကို ပျော်ရွှင်စွာနဲ့ အီရင်းကြိုဆိုသည်။ျ

ခွေးပေါက်လေးကိုမြင်လိုက်တော့ လျှိုရှုထုံရဲ့ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ ထန်ဝမ်က အမွေးပွလေးကို ချီလိုက်ကာ လျှိုရှုထုံကိုပြုံးပြလိုက်ပြီး
"ထုံထုံ ဒါက ငါ့ခွေးလေးလေ ချစ်စရာကောင်းတယ်မလား ဟင်"

လျှိုရှုထုံ ခဏတာကြောင်အသွားပြီးမှ သူမက သူ့ကိုခေါ်လိုက်မှန်း နားလည်သွားသည်။ သူ ခွေးကြောက်တာကို မေ့သွားပြီး ထန်ဝမ်ရဲ့အရောင်တောက်တောက်မျက်လုံးတွေအောက်မှာ စိတ်လှုပ်ရှားသွားခဲ့သည်။

သူမက သူ့ကို ချစ်စနိုးနာမည်လေးပေးလိုက်တာလား။

"ချစ်စရာကောင်းတယ်။ မင်းက ချစ်စရာအကောင်းဆုံးပဲ"
လျှိုရှုထုံ သူမကို စိုက်ကြည့်လိုက်သည်။

ထန်ဝမ် မျက်လုံးမှေးကျဉ်းလိုက်ကာ
"ငါက ခွေးပေါက်ကိုပြောနေတာလေ"

"အိုး သူလည်း ချစ်စရာကောင်းပါတယ်။ မင်းလောက်တော့ ချစ်စရာမကောင်းဘူးပေါ့"

ထို့နောက် သူ ခွေးကြောက်တဲ့စိတ်ကို ဖုံးကွယ်ထားကာ မေးလိုက်သည်။
"ချစ်လေး ခွေးကို ကာကွယ်ဆေးထိုးထားပြီးပြီလား။ ခွေးတွေကိုချစ်တာလား။ ကိုယ်ပြောတာက ခွေးတွေက အန္တရာယ်များတယ်လေ။ မတော်တဆ သူတို့ကိုက်တာခံလိုက်ရရင် ခွေးရူးပြန်ရောဂါ…"

သူ့အမေကလည်း ခွေးဆိုးတစ်ကောင်ကိုက်တာခံရပြီး ခွေးရူးပြန်ရောဂါနဲ့ဆုံးသွားခဲ့တယ်လေ။

သူ့မျက်လုံးထဲက အကြောက်တရားကိုမြင်နေရသည်။ သူက ခွေးကိုမလွင့်ပစ်ပဲ သူမရဲ့လုံခြုံမှုကို အရင်စိုးရိမ်းနေသည်။ ထန်ဝမ် ပြုံးလိုက်ကာ

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now