79+80 !

2.9K 360 2
                                    

🍉gp 1 - 2500
gp 2 - 3000
gp 2 ခုလုံးစာကို paid gp ဝင်ရင် 4000နဲ့ရမယ်နော်🍉

🍓ဒီတစ်ညတည်းပါပဲနော်🍓

စာစဉ် - ၄ /အခန်း - ၇၉+၈၀

အခန်း - ၇၉

ဘာသာပြန်သူ - Emily (KKMJPKJL)

ဖုန်းချီထုံဝင်လာတာနဲ့ အမျိုးသမီးအားလုံး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။ ထန်ချင်းကျူကတော့ ဒူးထောက်လိုက်တယ်ဆိုတာထက် ခြေမခိုင်တော့တာလို့ ပြောရင် ပိုမှန်လိမ့်မည်။

ဖုန်းချီထုံကတော့ ထန်ဝမ်ဆီ တောက်ပနေတဲ့မျက်လုံးတွေနဲ့လျှောက်လာသည်။ ထန်ဝမ်လည်း သူ့ကိုမော့ကြည့်ကာ ပြုံးပြလိုက်သည်။

သူမ မရယ်ပဲနေမလား?

အခုနက ပြောလိုက်တဲ့စကားကြောင့် ဖုန်းချီထုံရဲ့နှစ်သက်မှုက 10မှတ်တောင် တိုးလာတယ်လေ! နောက်တစ်နည်းပြောရမယ်ဆိုရင် နောက်ထပ် 10မှတ်ရပြီးရင် သူမ သူ့ကို ရိုက်လို့ရတော့မယ်လေ!

ပုံမှန်အတိုင်းဆိုရင် နှစ်သက်မှုပြည့်ဖို့အတွက် 10နှစ်လောက်ကြာမယ်လို့ ထင်ခဲ့ပေမဲ့ ဒီလူက အဆုံးအထိသွားပြီးရင် သူမကို ပိုပိုနှစ်သက်မှုတိုးလာတတ်သည်။

အိမ်ထဲမှာ လူတွေများနေတဲ့အပြင် ထန်ကော်လည်းရှိနေတော့ ဖုန်းချီထုံ ထန်ဝမ်ကို ဖက်နမ်းချင်စိတ်ကို ဖုံးကွယ်ကာ သူမခါးကိုပဲ ခပ်တင်းတင်းဖက်ထားလိုက်သည်။ ပြီးတော့ ထန်ချင်းကျူကိုကြည့်လိုက်ကာ

"သေချာတာပေါ့ ဝမ်ဝမ်က ငါကိုယ်တော်ရဲ့ကြင်ယာတော်ပဲ။ ကံကောင်းစွာနဲ့ ဝမ်ဝမ်က မင်းရဲ့စကားတွေကို နားမထောင်ခဲ့လို့ပဲ။ မဟုတ်ရင် အပြစ်ဒဏ်ကို တွေးမိမှာတောင်မဟုတ်ဘူး"

ထန်ချင်းကျူ ဝတ်ရုံစကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ကာ နောက်ခဏမှာပဲ ခေါင်းကို ကြမ်းပြင်ပေါ်အသံမြည်အောင် ဆောင့်ချလိုက်သည်။

အခုချိန် အမှားကိုဝန်မခံရင် သူက သူမကို ဒုတိယမင်းသားနဲ့မပြောနဲ့။ သာမန်မိသားစုနဲ့တောင် ကောင်းကောင်းလက်ထပ်လို့မရအောင် လုပ်လိမ့်မယ်!

"ဒီအစေခံက အမှားကိုသိပါပြီ။ ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးဖို့ မင်းသားနဲ့ကြင်ယာတော်ကို တောင်းဆိုပါတယ်"
ထန်ချင်းကျူ နှလုံးသားထဲမှာတော့ အမုန်းတရားတွေပြည့်နေသည်။ မှတ်ထား! နောက်ဆိုရင် ဒီနေ့ အရှက်ကွဲခဲ့တာထက် အဆ1000လောက် ပြန်ပြီးအရှက်ခွဲပြမယ်!

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now