စာစဉ် - ၁ / အခန်း - ၁၁+၁၂
အခန်း - ၁၁
ဘာသာပြန်သူ - Emily (KKMJPKJL)
ထန်ဝမ်ရဲ့စကားတွေကိုကြားတော့ ထန်ယိထုံ ထန်ဝမ်ကိုကြည့်လိုက်မိသည်။
ထန်ဝမ်ရဲ့အမူအယာက ငိုချင်နေပေမဲ့ မငိုအောင်ထိန်းထားသည့် ပုံပေါ်နေသည်။ သူမက တကယ်ကိုဝမ်းနည်းနေပုံပေါ်သည်။ ဒါပေမဲ့ မျက်ရည်မကျအောင် ထိန်းနေသည်။ ထန်ဝမ်ရဲ့စကားတွေက သူမနဲ့သူက အခြေနေအတူတူပဲဆိုတာကို ပြောပြလိုက်သည်။
သူမမှာ အဖေရှိတယ်။ ဒါပေမဲ့ သမီးဖြစ်တဲ့ သူမကို လုံးဝဂရုမစိုက်။ သူ့မှာလည်း အမေတစ်ယောက်ရှိတယ်။ ဒါပေမဲ့ အဖေအရင်းက ဘယ်သူမှမသိတဲ့အတွက် မျိုးစေ့ရိုင်းဆိုပြီး သူ့ကို လုံးဝဂရုမစိုက်။
ထိုအချိန် ထန်ဝမ်က ခေါင်းအုံးကိုကောက်ကိုင်လိုက်ကာ ကျစ်ရှကိုပစ်လိုက်သည်။
"ဒီကနေ ထွက်သွား! ဒီဆေးရုံမှာ ကျွန်မသေသွားရင်တောင် ရှင့်အလုပ်မပါတာမို့ လာမကြည့်နဲ့!"ကျစ်ရှက ချက်ချင်းပဲ ထွက်သွားသည်။ ထန်ယိထုံကိုတော့ လျစ်လျူရှုကာ ချန်ထားခဲ့သည်။
ချစ်စရာလေးက ထန်ဝမ်ကို လက်မထောင်ပြကာ
/Host ရဲ့ သရုပ်ဆောင်စကေးကတော့ အရမ်းမိုက်တာပဲ။ ခင်ပွန်းလောင်းလေးရဲ့ နှစ်သက်မှုနှုန်းလည်းမြင့်တက်လာတယ်။ အခု -40ပဲကျန်ပြီ။ ဒီနေ့ 0ရောက်အောင် ကြိုးစားလိုက်ကြစို့!/ဒါကိုကြားတော့ ထန်ဝမ် တိတ်တဆိတ် မျက်လုံးလှန်လိုက်မိသည်။
/အနှုတ်ရမှတ်တွေကလည်း အနှုတ်သဘောဆောင်တာမို့ ငါ့ကိုလာမပြောနဲ့လို့ ပြောထားတယ်မလား/
ထန်ဝမ်က နှာရှုံ့လိုက်သည်။ဒါပေမဲ့လည်း တစ်နေ့တည်းနဲ့ 60တိုးလာတာကြောင့် သူမ ကံကောင်းတယ်လို့ ဆိုရမည်။ ကားအက်ဆီးဒင့်ဖြစ်ပြီး ထန်ယိထုံကို ကယ်လိုက်လို့နိုင်လို့ပေါ့။ မဟုတ်ရင် သူမဘဝကို သူမ ဘယ်လိုကယ်တင်ရတော့မလဲဆိုတာ သိမှာမဟုတ်ဘူး။
လူဆိုးတစ်ယောက်က ကောင်းတဲ့အရာတွေကိုလုပ်လာရင် လူတွေက သူလုပ်လာတဲ့ ကောင်းတဲ့အလုပ်တွေကို သတိထားပြီးစူးစမ်းတတ်ကြသည်။ ပြီး ကောင်းကွက်တွေများလာရင် အရင်ကလုပ်ဖူးတဲ့ မကောင်းမှုတွေကို မေ့လျော့သွားနိုင်တာပဲလေ။
YOU ARE READING
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...