67 to 70

3.3K 402 3
                                    

စာစဉ် - ၄၃ / အခန်း - ၆၇+၆၈

အခန်း - ၆၇

ဘာသာပြန်သူ - Emily (KKMJPKJL)

ဖုန်းချီထုံ သူ့လက်ထဲက စာအုပ်ကို ခပ်စူးစူးစိုက်ကြည့်နေတုန်း အစေခံတွေက အခန်းထဲကို အစားအစာတွေ ယူလာသည်။ ထန်ဝမ် ဗိုက်ဖြည့်ဖို့အတွက် အိပ်ရာကနေ ခပ်မြန်မြန်ပင်ထပြေးလာသည်။

စားပြီးတော့ အရက်နှစ်ခွက်ငှဲ့လိုက်ကာ ဖုန်းချီထုံကို ကမ်းပေးလိုက်ရင်း
"ယောက်ျား အရက်ခွက်လဲရဦးမယ်ဆိုတာကို မမေ့ရဘူးလေ"

ထိုစကားကိုကြားတော့ ဖုန်းချီထုံ သူမကိုတစ်ချက်ကြည့်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ အရက်ခွက်ကို ယူသောက်လိုက်သည်။ သောက်ပြီးတော့ ခွက်ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ကာ ထန်ဝမ်ကို ချီလိုက်သည်။
"အခု ဝမ်ဝမ်က ကိုယ်တော်နဲ့အတူရှိဖို့အရမ်းအဆင်သင့်ဖြစ်နေပြီပေါ့?"

ထန်ဝမ် လန့်သွားပြီးမှ သူ့လည်ပင်းကို သိုင်းဖက်ကာပြုံးလိုက်သည်။ အခုလက်ရှိမှာ ဖုန်းချီထုံရဲ့စိတ်ကို တိုက်ရိုက်မြင်နေရတယ်လေ။ ပြီးတော့ သူ့ရှေ့မှာပဲ သူမရဲ့တကယ့်ပုံအစစ်ကို ဖွင့်ဟပြဖို့ စီစဉ်ထားသည်။

"ဝေါင်း!"

ထန်ဝမ်ကို လက်တစ်ဖက်နဲ့ဖက်ထားကာ ဖုန်းချီထုံ စောင်ကို ညာဘက်လက်နဲ့ဆွဲလိုက်တော့ ကုတင်ပေါ်က ကြာပန်းပွင့်ဖတ်တွေက ပြန့်ကျဲကုန်သည်။ ထို့နောက် ထန်ဝမ်ကို အိပ်ရာပေါ် ခပ်ကြမ်းကြမ်းပစ်ချလိုက်ကာ ခါးကြိုးကို ဖြုတ်ပြီး အဝတ်သုံးထည်ကို ဆွဲချွတ်လိုက်သည်။

ဒါကိုမြင်တော့ ချစ်စရာလေးက မျက်လုံးကို သူ့လက်သေးသေးလေးတွေနဲ့ အုပ်လိုက်ကာ
/host ဒါက ကလေးတွေနဲ့မသင့်တော်ဘူး။ ငါ အရင်သွားတော့မယ်နော်။ ပျော်ရွှင်ပါစေ!/

တစ်ညတစ်ကြိမ် လုပ်နိုင်တဲ့သူက ဆရာဆိုရင်တောင် ဒီဖုန်းချီထုံက ဆရာကြီးဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ခဏနေကျရင် သူ့သမီးလေးက ပျော်ရွှင်မှုနဲ့နာကျင်မှုကြားက သာယာမှုကို ခံစားရတော့မှာ။

ချစ်စရာလေးရဲ့စကားကိုကြားတော့ ထန်ဝမ်က
/သက်တောင့်သက်သာမဖြစ်မှုကို တားပေးတဲ့ဆေးရှိလား?/

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now