157+158

337 36 1
                                    

စာစဉ် - ၇

အခန်း - ၁၅၇+၁၅၈
အခန်း - ၁၅၇

ဖုန်းပြောပြီးတော့ ထန်ဝမ် ချစ်စရာလေးပေးတဲ့ အသံခွေတွေကလည်း ကိုယ့်ဘာသာလေ့လာနေလိုက်သည်။

တစ်ခါတလေအသက်ရှူမဝသလိုခံစားရကာ ကြက်သီးများထမိပေမယ့်လည်း ကြိုးကြိုးစားစားလေ့ကျင့်နေတုန်းဖြစ်သည်။

သူမကြိုးစားနေတာကိုမြင်တော့ ချစ်စရာလေးက အကူညီမဲ့နေတဲ့ပုံလေးနဲ့ပြုံးလိုက်သည်က ဖခင်တစ်ယောက်ရဲ့အပြုံးနှယ်။

hostက တကယ်ကိုကြိုးစားနေတာပဲ။
ငါ လူမှားပြီးချည်နှောင်မိတာမဟုတ်ဘူးပဲ။

မကြာခင်မှာပဲ စနေနေ့ကိုရောက်လာခဲ့သည်။

မနက်စောစော ထန်ဝမ်တစ်ယောက် ယန်ထုံပြောတဲ့ Innovation အဆောက်ဦကို ကားမောင်းကာထွက်သွားသည်။ ၈နာရီခွဲတာနဲ့ သူမ အဆောက်ဦအောက်ကိုရောက်နေပြီ။ တိုက်တိုက်ဆိုင်ဆိုင် ယန်ထုံကလည်း ထိုအချိန် အပြင်ထွက်လာသည်။

သူက ပုံမှန်အဝတ်အစားကိုဝတ်ထားကာ လက်ထဲမှာလည်း အနက်ရောင်ဖိုင်တွဲတစ်တွဲ ကိုင်ထားသည်။ လုံးဝကိုလူငယ်ပုံစံထွက်နေသည်။

ထန်ဝမ်ကိုမြင်တော့ သူ ချက်ချင်းယဉ်ကျေးသိမ်မွေ့တဲ့အပြုံးလေးပြုံးပြလိုက်သည်။
"ထန်ဝမ် စောသားပဲ။ မင်းအစောကြီးရောက်လာတယ်ဆိုတော့ အတူတူအပေါ်တက်ကြရအောင်"

ထိုစကားကိုကြားတော့ ထန်ဝမ်သူ့ကိုပြုံးပြလိုက်ကာ
"ဆရာslowလည်း စောပါတယ်"

ယန်ထုံက ခေါင်းညိမ့်ပြကာ သူမကိုမနက်စာစားပြီးပြီလားလို့မေးရင်း အတူတူယှဉ်ပြီးအဆောက်ဦထဲဝင်သွားသည်။ သူ့အသံက ငြိမ်ကာ ယဉ်ကျေးသည်။ စကားပြောနှုန်းက မြန်လည်းမမြန်သလို နှေးလည်းမနှေး။ ဒါကြောင့် လူအများစုက သူ့အသံမှာကျရှုံးကြတာပေါ့။

သူ့အသံကိုနားထောင်ရင်း ထန်ဝမ် ရုတ်တရက်အသံထိန်းချုပ်တာက စိတ်ဝင်စားစရာကောင်းတယ်လို့ နားလည်သွားသည်။ ဒီလိုမျိုး ထူးချွန်တဲ့ဆရာတစ်ယောက်နဲ့ စကားပြောရတာက နားပျော်ရွှင်မှုဖြစ်စေကာ တစ်မျိုးဆန်တဲ့ခံစားချက်ကိုလည်းပေးစွမ်းသည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now