105+106

2.1K 237 5
                                    

စာစဉ် - ၅/ အခန်း - ၁၀၅+၁၀၆

အခန်း - ၁၀၅

ဖုန်းပိတ်လိုက်ပြီးတော့ ထန်ဝမ် အိပ်ရာတစ်ဖက်စွန်းမှာထိုင်လိုက်ကာ လျှိုရှုထုံကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို တွေးနေလိုက်သည်။ အဖြစ်နိုင်ဆုံးကတော့ သူ့ရဲ့ဖန်ကလပ်ထဲမှာ ဆက်နေနေဖို့ပဲ။ ဒါဆိုရင် သူနဲ့ အရိုးသားဆုံးနည်းလမ်းနဲ့ တွေ့ခွင့်ရနိုင်သေးတယ်လေ။

ဒါပေမဲ့ ထန်ဝမ်က အချိန်အကြာကြီးကတည်းက ပြောင်းလဲမှုလုပ်ခဲ့တာကြောင့် သူမရဲ့အပြုအမူကို killing Mattက လက်မခံခဲ့ပေ။ ၁၀နှစ်ကျော်ကြာသွားခဲ့တာတောင် ဒါက အရိပ်မဲကြီးဖြစ်နေခဲ့တုန်းပဲ။

ဇာတ်လမ်းအရဆိုရင် လျှိုရှုထုံက သူ့မိဘတွေရဲ့အဆင်မပြေမှုကြောင့် သူမကို လျစ်လျူရှုထားတာဖြစ်သည်။ သူက ငယ်ငယ်ကတည်းက အရမ်းခုခံတတ်တဲ့ကလေးဖြစ်သည်။ သူမသာ သူ့ဆီတိုက်ရိုက်ကြီးသွားတွေ့ရင် တစ်ဖက်လူက သူမကို အာရုံစိုက်မှာမဟုတ်ဘူး။

မကြာခင်မှာပဲ ထန်ဝမ် မျက်လုံးထဲအရောင်လက်သွားသည်။

အခုချိန်မှာ အွန်လိုင်းဒိတ်တာက အရမ်းပေါ်ပြူလာဖြစ်နေတာမဟုတ်လား။

အထူးသဖြင့် ဂိမ်းအော်ဒီရှင်တွေ၊ ဒီကမ္ဘာမှာက အွန်လိုင်းဒိတ်တင်းတွေက အရမ်းကိုကျော်ကြားသည်။ လျှိုရှုထုံရဲ့နာမည်ပြောင်***က အော်ဒီရှင်****ကနေ ယူထားတာဖြစ်သည်။ ဒါက သူ ဂိမ်းကို ဘယ်လောက်တောင် ကြိုက်လဲဆိုတာကို ပြသနေသည်။

သူမ သူ့ကို အွန်လိုင်းကနေ ချိန်းဆိုလို့ရမှာ..လား

ဇာတ်လမ်းရဲ့အဓိကဇာတ်လိုက်မ လင်းယွီကလည်း လျှိုရှုထုံနဲ့ဂိမ်းထဲမှာတွေ့ဆုံခဲ့တာဖြစ်သည်။ ဒါကပဲ ဗီလိန်က ဇာတ်လိုက်မပေါ် အမြင်ကောင်းရှိခဲ့ခြင်းဖြစ်သည်။ ဒါအတွက်ကြောင်လည်း နောက်ပိုင်းမှာ လျှိုရှုထုံက အဓိကဇာတ်လိုက်ကို နေရာတိုင်းမှာ ပစ်မှတ်ထားနေရတဲ့အကြောင်းတရားလည်းဖြစ်သည်။

အကြံရပြီးနောက် ထန်ဝမ် ချက်ချင်းစားပွဲဆီသွားကာ ကွန်ပြူတာဖွင့်လိုက်သည်။ ထို့နောက် QQအကောင့်ထဲဝင်ကာ အစမ်းလူရွေးပွဲထဲဝင်လိုက်သည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားTempat cerita menjadi hidup. Temukan sekarang