စာစဉ် - ၁ / အခန်း - ၁၉+၂၀
အခန်း - ၁၉
ဘာသာပြန်သူ - Emily (KKMJPKJL)
ဒါကိုကြားတော့ ထန်ယိထုံက တူကိုချကာ
"ဒါပေမဲ့ နင့်ဒဏ်ရာက…""ငါ့ဒဏ်ရာက အများကြီးပြန်ကောင်းနေပါပြီ။ အရမ်းမနာတော့ဘူး။ တစ်ခုခုဖြစ်မယ်ဆိုရင်တောင် ကျောင်းမှာ နင်လည်းရှိနေတာပဲမလား? ငါ့ရဲ့မောင်လေးက ဒီအစ်မကိုပစ်ထားပြီး မကောက်ကျစ်ဘူးမလားဟင်?"
ထန်ဝမ်က သူ့ကိုသနားစရာကောင်းတဲ့ မျက်လုံးလေးတွေနဲ့ကြည့်လိုက်သည်။သူမမျက်လုံးတွေကိုမြင်တော့ ထန်ယိထုံ ချက်ချင်းမျက်နှာလွှဲလိုက်ကာ ချောင်းလုပ်ဆိုးလိုက်သည်။ သူ့ပါးနှစ်ဖက်ကလည်း ပူထူနေပြီ။
"သိပြီ။ ဒါဆို မနက်ဖြန်ကျရင် ကျောင်းသွားဖို့ လာခေါ်မယ်"
"ယေး! မောင်ငယ်လေးတစ်ယောက်ရှိတာ ကောင်းတာပဲ! နင့်ကို အကူအညီတောင်းရမယ်လို့ကို မထင်ထားခဲ့ဖူးဘူး!"
ထန်ဝမ်က နောင်တရတဲ့ပုံနဲ့ပြောလာပြန်သည်။ဒါကိုကြားတော့ ထန်ယိထုံလည်း တိတ်တိတ်လေးတွေးမိသွားသည်။ *လွန်ခဲ့တဲ့ 10ရက်လောက်တုန်းကတော့ ငါတို့က မီးနဲ့ရေလိုမျိုး ဆန့်ကျင်ဘက်ရန်သူတွေဖြစ်နေခဲ့ကြတာ။ အခုတော့လည်း ထမင်းတောင် အတူတူစားနေကြပြီ*
ဒါပေမဲ့လည်း ဒီအပြောင်းအလဲလေးကို သူ ကြိုက်ပါသည်။
ထန်ဝမ်ရဲ့သူ့အပေါ် အမြင်တွေက အရမ်းဆိုးဝါးခဲ့သည်။ အခု သူနားလည်သွားတာက ထန်ဝမ်အနေနဲ့ သူ့ကို အကောင်းမြင်ပေးဖို့ကလည်း အကြောင်းပြချက်ရှိမနေပေ။ အခုနောက်ပိုင်းမှာတော့ သူတို့ ထမင်းအတူတူစားကြတဲ့အပြင် စကားပြောရင်လည်း *ငါတို့* *နင်က အရမ်းကောင်းတာပဲ* ဆိုတဲ့ စကားလုံးတွေ သုံးလာသည်။ သူ့ရဲ့နှလုံးသားက သူမရဲ့ကြင်နာမှုတွေကို လက်မခံနိုင်မှာကို စိုးရိမ်နေမိသည်။
သူမကတော့ သူ့ကို မောင်ငယ်လေးလို့ပဲတွေးပြီး ရိုးရိုးသားသားဆက်ဆံနေပေမဲ့ သူမနဲ့သူနဲ့မှာ ဘာသွေးသားတော်စပ်မှုမှ မရှိတာကို သူက သိနေတယ်လေ။
ထန်ဝမ်ကြောင့်သာမဟုတ်ရင် တစ်ခါတလေ စားကြွင်းစားကျန်အချို့ကိုတောင် သူ စားရတာမဟုတ်ပေ။ အခု သူ့ခန္ဓာကိုယ်က အရင်ကလိုမျိုး အရိုးစုမဟုတ်တော့ပဲ အသားပြည့်လာကာ အသားအရေလည်း စိုပြေလာသည်။

VOCÊ ESTÁ LENDO
ကျွန်မရဲ့ဗီလိန်ယောက်ျား
Romance#This is not my work. Name - Villain Husband, Please Let Go! Author - 深蓝水浅 ယောက်ျားယူရင် သေမယ်ဆိုတဲ့ ကံကြမ္မာနဲ့အတူမွေးဖွားလာတဲ့ သူဋ္ဌေးမလေး ထန်ဝမ်... တွဲခဲ့ဖူးတဲ့ရည်းစား၉၉ယောက်နဲ့ တစ်လတောင်မမြဲခဲ့သလို ၃လလက်တွဲခဲ့တဲ့ကောင်လေးကလည်း လက်ထပ်ပွဲနေ့မှာထွက်ပြေ...