21+22

3.4K 427 6
                                    

စာစဉ် - ၁ /အခန်း - ၂၁+၂၂

အခန်း - ၂၁

ဘာသာပြန်သူ - Emily (KKMJPKJL)

"သူမ ကျွန်တော့်ကို သတ်ချင်ရင် ကျွန်တော် ဒီအတိုင်းပဲ ရပ်နေရမှာလား?"
ထန်ယိထုံ ရုတ်တရက် ခေါင်းမော့လာကာ မျက်လုံးနက်နက်တွေနဲ့ ကျစ်ရှကိုကြည့်လိုက်သည်။

ကျစ်ရှ အမူအယာပြောင်းသွားကာ အော်လိုက်သည်။
"ဘာစောက်အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ? နင့်အစ်မက နင့်ကို သတ်ပစ်စရာလား?"

ထန်ဝမ် အိမ်ပြောင်းမယ့်စကားမပြောခင် သူ့အဖေကိုပြောခဲ့တဲ့ စကားကိုသတိရသွားပြီး ထန်ယိထုံက ပြုံးလိုက်ကာ
"သူမရိုက်နှက်တာကို သည်းခံဖို့က ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ အရိုက်ခံရပြီးရင် ဆေးရုံသွားဖို့အတွက် ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးလေ။ ပြီးတော့ ဗိုက်ဆာရင် တစ်ခုခုဝယ်စားဖို့ ပိုက်ဆံလည်း မရှိဘူး"

ထိုစကားကိုကြားမှ ထန်ယိထုံရဲ့ပုံစံက သာမန်15နှစ်သားတွေထက် ပိုသေးကာ ပိန်ပါးလွန်းပြီး အသားအရေကလည်း စာရွက်လိုဖြူဖျော့နေတာကို သတိထားမိသွားသည်။ ပြီးတော့ သူ့အဝတ်တွေကလည်း ဟောင်းနွမ်းနေတာတွေချည်းပဲ။

ထန်ဝမ်စုန့် သူ့သားရဲ့အခြေနေကိုတောင် မသိခဲ့တာမို့ တစ်ခဏလောက်တာ့ ရှက်သွားသည်။ သူ ထန်ယိထုံလို သုံးစားမရတဲ့သားကို မနှစ်သက်ပေမဲ့ ထန်ဝမ်က သူ့ကို အနိုင်ကျင့်ပြီး ဂရုစိုက်မှာ မဟုတ်ဘူးဆိုတာကို သိသည်။ ဒါပေမဲ့ ဒီလောက်ထိတော့ မထင်ထားခဲ့ပေ။

သူ ခပ်မြန်မြန်ပင်
"အဖေ သိပါတယ်။ အဖေ မင်းကို မနက်ဖြန်ကျရင် ယွမ် 20000ပြင်ဆင်ပေးထားမယ်နော်။ မလောက်ဘူးဆိုရင် ထပ်တောင်းပေါ့!"

ထန်ယိထုံ လှောင်ရယ်နေတဲ့မျက်လုံးကို သူတို့မမြင်အောင် ခေါင်းငုံ့ကာ
"ဟုတ်ကဲ့ပါ အဖေ။ ဘာမှမရှိတော့ဘူးဆိုရင် သား အခန်းကို ပြန်တော့မယ်"

ပြောပြီးတာနဲ့ ခေါင်းငုံ့ရင်းပဲ လှည့်ထွက်လာကာ သုန်မှုန်နေတဲ့အကြည့်နဲ့ပဲ အခန်းထဲကို ဝင်လာခဲ့သည်။ သူ အခန်းထဲရောက်တာနဲ့ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းက တုန်ခါလာသည်။ ဖွင့်ကြည့်လိုက်တော့ ထန်ဝမ်ပို့ထားတဲ့မက်ဆေ့။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now