7+8

4.1K 452 3
                                    

စာစဉ် - ၁ / အခန်း - ၇+၈

အခန်း - ၇

ဘာသာပြန်သူ - Emily (KKMJPKJL)

ထန်ဝမ်ဘာတွေတွေးနေတယ်ဆိုတာကို ထန်ယိထုံမသိပေ။ ထန်ဝမ် သူ့ကိုကြည့်နေတာကိုတွေ့ပြီး သတိအနေအထားဖြစ်နေခဲ့သည်။

ထန်ဝမ်က လောင်လီကို သူ့ကိုကားထဲခေါ်ခိုင်းတာ မဖြစ်နိုင်ဘူး။ သူမက လုံးဝကြင်နာမှုမရှိတဲ့သူလေ!

သူမ ဘာဖြစ်လို့ သူ့ကိုစကားလာပြောနေလဲတော့မသိပေ။ လမ်းတစ်ဝက်မှာ သူ့ကိုကန်ချသွားဦးမလို့များလား? ဒါမှမဟုတ် လောင်လီနဲ့ပေါင်းပြီး သူ့ကိုအခြားတစ်နေရာမှာ သွားစွန့်ပစ်ဖို့များလား?

သူ အတွေးတွေနဲ့အလုပ်များနေတုန်း ထန်ဝမ်ရဲ့စိတ်ပျက်တဲ့လေသံနဲ့ပြောတာကို ကြားလိုက်ရသည်။

"နင် ဘာလို့အဝေးကြီးမှာ သွားထိုင်နေရတာလဲ? ငါက နင့်ကို ကိုက်စားမှာကျနေတာပဲ"
သူမက အရွယ်ရောက်ပြီးသားမိန်းကလေးဖြစ်တာကြောင့် ကောင်ငယ်လေးတစ်ယောက်ကို အနိုင်ကျင့်မှာမဟုတ်ပေ။

သူမစကားကိုကြားတော့ ထန်ယိထုံစိတ်ထဲကနေပဲ သရော်လိုက်သည်။ သူမ သူ့ကိုမစားဘူးဆိုတာ သေချာပေမဲ့ ကိုယ့်ဘာသာ သက်တောင့်သက်သာထိုင်လို့ သူမကိုထိမိတာပဲဖြစ်ဖြစ် သူမအဝတ်စလေးကို ထိမိသွားတာပဲဖြစ်ဖြစ်ဆို သူ့ကို အပြစ်ပြောပြီး ရိုက်ဦးမှာပဲ!

သူ လုံလုံလောက်လောက် အတွေ့အကြုံရှိပြီးသားမို့ သူမ ပြဿနာရှာလို့ရအောင် သူမအနားသွားထိုင်ပြီး သူမဆင်နေတဲ့ ထောက်ချောက်ထဲ ခုန်ဆင်းစရာလား?

*ဘာပဲဖြစ်ဖြစ် တစ်နေ့ကျရင် ငါ့ကို အနိုင်ကျင့်ခဲံတဲ့လူတွေအားလုံး အဆုံးသတ်မကောင်းစေရဘူး*

ထန်ယိထုံက သူမဘက်ကို တစ်ချက်တောင်လှည့်မကြည့်လာတာကြောင့် ထန်ဝမ်နည်းနည်းတော့ ရှက်သွားသည်။ သူမ လုံးလုံးကို လျစ်လျူရှုခံထားရတယ်လေ။ ခဏလောက်ပဲ သူမဘက်ကနေ စကားသွားပြောရသေးပေမဲ့ ထိုသူက အဖက်မလုပ်တာကြောင့် ထန်ဝမ် ခေါင်းကိုက်လာရသည်။

မေ့လိုက်တော့. အိမ်ပဲပြန်တော့မယ်။

သူမ ထန်ယိထုံကို အနိုင်ကျင့်မှာကြောက်လို့ လောင်လီက ကားကို အရှိန်နဲ့မြန်မြန်မောင်းနေခဲ့တယ်ဆိုတာကို ထန်ဝမ် သတိမထားမိခဲ့ပေ။ သူက အိမ်ရောက်ဖို့တာစူပြီး မြန်မြန်မောင်းနေခဲ့ပေမဲ့ မမျှော်လင့်ပဲ လမ်းအကွေ့တစ်ခုမှာ ကားတစ်စီးက တည့်တည့်ဝင်လာခဲ့သည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now