💕 Daily Routine💕

6K 68 2
                                    

💕 Feeling of Love 💕 အပိုင်း ၁

အခန်းတံခါးကိုဖွင့်ဝင်လိုက်ရင်း ကျင့်သားရနေပြီဖြစ်တဲ့
လက်က မီးခလုတ်ရှိရာသို့ လှမ်းလိုက်ရင်း အခန်းမီးကို
ဖွင့်လိုက်သည်။ စီးလာတဲ့ဖိနပ်ကိုချွတ်ကာ နံရံကပ်ဗီဒိုလေးထဲမှာ ပြန်ထည့်ပြီး အိမ်တွင်းစီးဖိနပ်ပါးလေးကို ထုတ်စီးလိုက်သည်။ Mini Kitchen တစ်ခုကို နံရံမှာတစ်ခါတည်း တပ်ဆင်ထားတာကြောင့် ရေခဲသေတ္တာလေးထဲက ရေသန့်တစ်ဗူးကိုထုတ်လိုက်ပြီး ဧည့်ခန်းလို့လည်းပြောလို့ရတဲ့ အိပ်ခန်းကို ဆက်လျှောက်လာလိုက်တယ်။ နံရံမှာရှိတဲ့ချိတ်လေးမှာ လွယ်လာတဲ့ပိုက်ဆံအိတ်ကိုချိတ်ကာ နှစ်ယောက်ထိုင်ဆိုဖာအသေးလေးပေါ်မှာ ထိုင်ပြီး လက်ထဲက ရေဗူးကို ဖောက်ပြီး နှစ်ငုံလောက်သောက်လိုက်သည်။ ဆိုဖာနောက်မှီမှာ ခေါင်းကိုလှန်ပြီး ခဏမျက်လုံးမှိတ်ကာ အ‌မောဖြေနေလိုက်တယ်။

နှုတ်ဆက်မယ့်သူမရှိတဲ့ ဒီအခန်းကျဉ်းလေးဟာ နှောင်းအတွက်တော့ ‌အေးချမ်းတဲ့အိုအေစစ်လေးပါပဲ။ ဆိုဖာရှေ့မှာရှိတဲ့ ပန်းနုရောင်အိပ်ရာဘေးက စားပွဲပုလေးပေါ်မှာ ထောင်ထားတဲ့ မေမေ့ရဲ့ဓာတ်ပုံကိုမြင်မိတော့ ရင်တွေနာမိသား။ အမေတစ်ခု သမီးတစ်ခုရှိတဲ့ဘဝမှာ အမေထွက်သွားခဲ့တာ ၅နှစ်ကျော် ၆နှစ်ထဲရောက်နေပြီမဟုတ်ပါလား။ တစ်ခါတစ်လေတော့လည်း "ပြန်လာပြီလားသမီး"ဆိုတဲ့ မေမေ့ရဲ့အသံလေးကိုတော့လွမ်းမိတယ်။ မေမေ့အကြောင်းတွေးမိတာနဲ့ နွမ်းလျသွားတဲ့စိတ်က မနေ့တစ်နေ့ကလိုပါပင်။ ရုံးဆင်းချိန်ဆို ကားတွေကြပ်တာကြောင့် လူက ချွေးနံ့တွေနဲ့ ငြီးစီစီဖြစ်နေတဲ့စိတ်ကို လန်း‌သွားအောင် ရေချိုးဖို့ပြင်လိုက်သည်။

ရေဗူးထဲမှ ရေကိုအဝသောက်ပြီး ရေချိုးခန်းထဲသို့
တန်းဝင်သွားလိုက်သည်။ ရေချိုးခန်းထဲရောက်မှ ဘေစင်ရှိစင်လေးပေါ်မှာတင်ထားတဲ့ မိတ်ကပ်ဖျက်ဆေးကို Cotton Pad ပေါ်သို့ထည့်လိုက်ပြီး မနက်တည်းကလိမ်းထားတဲ့မိက်ကပ်တွေ ဖုန်မှုန့် အညစ်ကြေးတွေကို သေချာစင်ကြယ်အောင်ဖျက်လိုက်သည်။ အကုန်ပြောင်လောက်ပြီထင်မှ ဘေစင်ကရေကိုဖွင့်ပြီး မျက်နှာကိုရေနဲ့ဆေးချလိုက်သည်။ ပြီးတာနဲ့ မျက်နှာသစ်ဆေး အနည်းငယ်ကိုယူပြီး မျက်နှာကို သေချာဆေးကြောသန့်စင်ပြီးတာနဲ့ ဝတ်ထားတဲ့အဝတ်စားတွေကို တစ်ခုချင်းချွတ်လိုက်သည်။ နှောင်းရဲ့ရေချိုးခန်းက အိမ်သာရော ဘေစင်ရော တစ်ခါတည်းပါပြီးသား အခန်းငယ်တစ်ခုဖြစ်တာကြောင့် ဘေစင်ရှေ့မှာအဝတ်တွေချွတ်နေတဲ့ ကိုယ့်ပုံရိပ်ကို မှန်ထဲမှာ မြင်နေရသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now