💕 Feeling of Love 💕 အပိုင်း ၁၄
🎉Happy Birthday လင်း🎉
လင်းကို မွေးနေ့ဆုတောင်းပေးကြပြီးနောက် ဖန်ခွက်ချင်းတိုက်ကာ မွေးနေ့ကို ဂုဏ်ပြုပေးကြသည်။ ဒီနေ့ကတော့ လင်းမွေးနေ့မို့ နှောင်းတို့ရဲ့နားခိုရာ Home Dinning မှာပဲ ထုံးစံအတိုင်း အတူတူညစာစားရင်း ဖြတ်သန်းကြသည်။
"သမီးလင်း ဒီနေ့ ဒီမွေးနေ့ကစပြီး ပျော်ရွှင်မှုတွေ နဲ့ ကံကောင်းခြင်းတွေသာ ရရှိပါစေလို့ တီမြိုင်တို့ဆုတောင်းပေးတယ်နော်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် တီမြိုင်"
"ငါ့သူငယ်ချင်းလေး အမြဲတမ်းပျော်ရွှင် ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်"
"ကျေးဇူး နှောင်း"
"ဟဲ့ ဦး နင်လည်းဆုတောင်းပေးဦးလေ"
"အင်း လိုရာဆန္ဒပြည့်ပါစေ"
"ကျေးဇူး ရောင်နီ"
"သားကဝောာ့ အစ်မလင်း ယောကျာ်းမြန်မြန်ရပါစေလို့ ဆုတောင်းပေးမယ်"
မိုးသောက်ရဲ့ ခပ်နောက်နောက်ဆုတောင်းကြောင့် နှောင်းတို့အားလုံး ရယ်လိုက်မိပြီး နှောင်းက စ၍
"ယောကျာ်းရတာ မရတာအသာထား...
အခုတလော ကိုထူးပိုင်ကိုမတွေ့ပါလား"နှောင်းရဲ့အမေးစကားကြောင့် အားလုံးက စူးစမ်းတဲ့အကြည့်တွေနဲ့ လင်းကို ကြည့်လာကြသည်။ လင်းလည်း အိုးတိုးအမ်းတန်းဖြစ်သွားကာ ဟန်မပျက်ပဲ
"ဟမ်... သူ အခုတလော အလုပ်တွေများနေလို့ဟ...
သူ့အထက်အရာရှိက သူ့ကိုအရမ်းအားကိုးတာဆိုတော့လေ ဟင်းဟင်း... သူမပါရင်ကို ဘယ်နေရာမှ မပြီးဘူးဖြစ်နေတာ""ကိုယ့်ချစ်သူမွေးနေ့မှာတောင် အလုပ်များလို့ အတူတူရှိမပေးနိုင်ဘူးတဲ့လား"
နှောင်းက တွေးဆဆလေးပြောလိုက်ပေမယ့် လင်း မျက်နှာပျက်သွားပေမယ့် ဟန်ဆောင်ကောင်းတဲ့လင်းကတော့ အမူအရာကို အမြန်ပြန်ထိန်းကာ
"ဟွန့် ဒါကတော့ ဒီလိုပဲ နားလည်ပေးထားရတာပေါ့ သူငယ်ချင်းလေးရယ်... ငါတို့က နင့်လိုချစ်စခင်စကြင်နာစမှ မဟုတ်တာ"