💕 Psycho💕

743 79 8
                                    

💕 Feeling of Love 💕 အပိုင်း ၄၂

မောင်နဲ့ဖုန်းပြောနေရင်း အခန်းတံခါးကို ဖွင့်လိုက်တော့ ရလိုက်တဲ့‌ဆေးလိပ်နံ့ကြောင့် နှောင်းစိတ်ထဲထူးဆန်းသွားရသည်။ သူမ အခန်းထဲ ဘယ်က ဆေးလိပ်နံ့ကရောက်နေပါလိမ့်။ ဖိနပ်ချွတ်နေရင်း ဘေစင်တွေကို လှမ်းကြည့်လိုက်တော့လည်း ဘာမှမတွေ့ပေ။

နှောင်းငယ်ဘက်က ဟင်ခနဲဖြစ်ကာ အသံတိတ်သွားတာမို့

"ဟယ်လို နှောင်းငယ် ဘာဖြစ်တာလဲ"

"ဘာမှမဟုတ်ပါဘူးမောင်ရဲ့.... ဖိနပ်ချွတ်နေရင်း အနံ့တစ်ခုရနေလို့ ဘယ်ကလဲ စဥ်းစားနေတာ"

"ဘာနံ့လဲ.... အကောင်တစ်ကောင်ကောင် သေနေလို့များလား"

"ဟုတ်ဘူး မောင်ရဲ့... ဆေးလိပ်....ဟင်"

ဖိနပ်ချွတ်ပြီးတာနဲ့ အိမ်တွင်းစီး ဖိနပ်ကို စီးကာ မောင်နဲ့ဖုန်းပြောနေရင်း အခန်းထဲလျှောက်လာခိုက် နှောင်းရဲ့ကုတင်ပေါ်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပြီး အဝတ်ဗီရိုမှ အဝတ်အစားတစ်ချို့နဲ့ အတွင်းဝတ်တစ်ချို့မှာလည်း ဖရိုဖရဲဖြင့် ပြုတ်ကျနေတာမျိုးတွေကို တွေ့လိုက်ရတာကြောင့် အန္တရာယ်အငွေ့အသက်တွေကို ခံစားလိုက်ရပြီး

"ရှင် ဘယ်သူလဲ"

နှောင်းမေးလိုက်တော့ တစ်ကိုယ်လုံးနက်စွေးနေအောင် ဝတ်ထားကာ Mask တပ်ထားတဲ့ ထိုလူက ကုတင်ပေါ်ထိုင်နေရာကနေ ထလာကာ နှောင်းမတ်တပ်ရပ်နေတဲ့နားကို တစ်လှမ်းချင်းလျှောက်လာတာမို့ နှောင်းခြေလှမ်းတို့က နောက်ဘက်ကို တစ်လှမ်းစီ ဆုတ်သွားမိသည်။

"ဟယ်လို နှောင်းငယ်.... အဆင်ပြေလား.... ဘာဖြစ်တာလဲ"

"မောင် နှောင်း..... နှောင်းရဲ့အခန်းထဲမှာ..... အားးးးးး...... ခွမ်း"

"ဟယ်လို နှောင်းငယ်... ဟယ်လို နှောင်းငယ်"

တစ်ဖက်က နှောင်းငယ်ရဲ့အော်သံနဲ့အတူ ခွမ်းခနဲအသံကိုပါ ကြားလိုက်ရတာမို့ စေ့ရင်ထဲပူလောင်စွာ နှောင်းငယ်ကို ဖုန်းထဲကနေ ခေါ်နေပေမယ့် နှောင်းငယ်ဘက်က ပြန်ဖြေသံကိုပင် မကြားရတော့ပေ။ ကုတင်ပေါ်မှာနောက်ကျောမှီကာ စာဖတ်နေတဲ့စေ့မှာ စာအုပ်ကို ဘေးချကာ ကားသော့ဆွဲယူပြီး နှောင်းငယ်ဆီ အမြန်ဆုံးရောက်အောင် လီဗာကို ဖိနင်းကာ မောင်းထွက်ခဲ့လိုက်သည်။ ဖုန်းကို နောက်တစ်ခေါက် ထပ်ခေါ်ကြည့်တော့လည်း စက်ပိတ်ထားတယ်ဆိုပြီးပဲ ပြောနေတာမို့ နောက်ဆုံးအကူအညီတောင်းရမယ့်သူထံကို အားကိုးတကြီးဖုန်းခေါ်လိုက်မိသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now