💕 Feeling of Love 💕 အပိုင်း ၃၉
"လင်း နင် ခဏနားရင်နားလိုက်ဦး..... နင့်ကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့"
"ဒီရက်တွေထဲ နိုက်ဂျူတီ ဆင်းတာများလို့ထင်တယ်ဟ... ခေါင်းထဲ မူးနောက်နောက်နဲ့ ချာချာလည်နေသလိုပဲ"
"အေး ဒီနေ့ကလည်း မိုးရွာလိုက် နေပူလိုက်နဲ့ဆိုတော့ အပူရှပ်သွားတာလည်းပါမယ်"
"ငါ အိမ်သာခဏဝင်လိုက်ဦးမယ်"
"အေးအေး... ငါလည်း ငါတို့နှစ်ယောက်လုံးသောက်ဖို့ သံပုရာရည်ဖျော်ထားလိုက်ဦးမယ်... ငါလည်း ခေါင်းတွေမူးနေပြီ"
"အင်း"
လင်းအိမ်သာထဲဝင်သွားတာနဲ့ နှောင်းမှာ ခြေထောက်က ညောင်းကိုက်နေတာတွေကို ခဏမေ့ထားပြီး သံပုရာရည်ဖျော်ဖို့ပြင်ဆင်ရသည်။ ဒီနေ့ နှစ်ယောက်သား ရှော့ပင်ထွက်ကြတာ ပတ်နေတုန်းကတော့ မသိသာပဲ အပြန်တက္ကစီပေါ်ရောက်မှ လူက မလှုပ်နိုင်တော့ပဲ ခြေကုန်လက်ပန်းကျသွားပြီး နှောင်းအခန်းရှိရာကိုတောင် မနည်းတက်လာရတာဖြစ်သည်။ ဒီကြားထဲ နေကပူလိုက် မိုးကရွာလိုက်နဲ့မို့ နားထင်က သွေးကြောတွေမှာ တဒုတ်ဒုတ်နဲ့မြည်နေသလို ခံစားနေရပြီဖြစ်သည်။
သံပုရာရည်ဖျော်ရင်း တစ်ငုံအရင်သောက်လိုက်တော့ အနည်းငယ်ခေါင်းကြည်သွားတာမို့ လင်းအတွက် သံပုရာ ထည့်ပေးထားတဲ့ ဖန်ခွက်ထဲ ရေခဲတုံး ၂တုံးထည့်ပေးထားလိုက်ပြီး နှောင်းကတော့ သံပုရာရည်ဖျော်ထားတဲ့မက်ခွက်နဲ့ မော့သောက်ပလိုက်တော့သည်။ ကောင်းလိုက်တဲ့ ဖြစ်ခြင်း။
ဝုန်း!!!!!!
"ဟင် လင်း"
ရေချိုးခန်းထဲကနေ ဝုန်းခနဲ အသံကြားလိုက်တာမို့ လင်းကို စိတ်ပူသွားကာ ရေချိုးခန်းတံခါးကို ခေါက်ပြီး
"လင်း..... လင်း ဘာဖြစ်တာလဲ.... ငါခေါ်တာကြားလား"
လင်းဆီကနေ ဘာတုံ့ပြန်သံမှ မကြားရတာကြောင့် ကုတင်ဘေးက အံဆွဲထဲမှာထည့်ထားတဲ့ သော့အပိုတွေထဲက ရေချိုးခန်းတံခါးသော့ကိုရှာပြီး ဖွင့်ကြည့်လိုက်တော့ အထဲမှာ လင်းက မေ့လဲနေသည်။ နှောင်းလည်း စိုးရိမ်စွာဖြင့် လဲနေတဲ့ လင်းနားထိုင်ကာ လင်းရဲ့ပါးလေးကို အသာပုတ်ပြီး