💕 Daffodil 💕

910 56 3
                                    

💕Feeling of Love💕 အပိုင်း ၃၆

အဆက်မပြတ် မြည်နေတဲ့ဖုန်းမြည်သံကြောင့် ကုတင်ဘေးက စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို မျက်လုံးမဖွင့်နိုင်သေးဘဲ လက်ဖြင့် စမ်းတဝါးဝါး လိုက်ရှာနေမိသည်။ ဖုန်းကိုလက်ဖြင့် စမ်းမိသွားတာကြောင့် ယူပြီး ကြည့်လိုက်တော့ ဖုန်းစခရင်ပေါ်မှာ မြင်လိုက်ရတဲ့နာမည်ကြောင့် နှောင်းပြုံးလိုက်မိကာ ဖုန်းကိုင်လိုက်မိသည်။

"ဟယ်လို မောင်"

"Happy Birthday မောင့်နှောင်းငယ်"

"ဟင်းဟင်း ကျေးဇူးပါ မောင်"

မောင့်ဖုန်းကို ကိုင်ကာ ကျေးဇူးတင်စကားဆိုလိုက်ပေမယ့် နှောင်းမျက်လုံးတွေကို မဖွင့်နိုင်သေးပေ။ မနက် ၅နာရီပဲ ရှိသေးတာဆိုတော့ နှောင်း အိပ်ရေးမဝသေးပေ။

"မောင့်နှောင်းငယ်လေး မွေးနေ့ရက်မြတ်ကစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင် အောင်မြင်တဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေ...... မောင့်ကိုလည်း ဒီထက်မက ပိုချစ်နိုင်ပါစေနော်"

"အဟွန့် ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင့်..... ဒါနဲ့လေ နှောင်း ပျော်ရွှင်ဖို့ဆိုတာ မောင်နဲ့ပဲဆိုင်တာလေ..... မောင်သာ နှောင်းကို ပျော်အောင်ထားရင် မောင်ပေးတဲ့ဆုက မတောင်းဘဲနဲ့တောင် ပြည့်တယ်"

"မောင်က မောင့်နှောင်းငယ်ကို အမြဲတမ်းပျော်အောင်ထားမှာမို့ စိတ်ချပါဗျာ"

"ဟီး မောင်က အစောကြီးနိုးနေတာလား"

"ဟုတ်တယ်လေ ခဏနေ လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ ရေမိုးချိုးပြီး နှောင်းငယ်ဆီထွက်လာတော့မှာ...... နှောင်းငယ်က ခဏလောက် ပြန်အိပ်ချင်အိပ်လေ.... မောင် ထွက်လာတော့မှ နှောင်းငယ်ကို ပြန်နှိုးပေးမယ်လေ"

"အိုခေ"

"ခုတော့ ပြန်အိပ်လိုက်ဦးနော်"

"အွန်း"

နှောင်းငယ်နဲ့ဖုန်းပြောပြီးတာနဲ့ စေ သွေးပူလေ့ကျင့်ခန်း အနည်းငယ်လုပ်ပြီး ရေချိုးလိုက်သည်။ ဘုရားသွားမှာဆိုတော့ ပုဆိုးနဲ့ ရှပ်လက်ရှည်ကိုသာ ဝတ်လိုက်သည်။ ရေမွှေးတစ်ချက် ဆွတ်လိုက်ပြီးနောက် နှောင်းငယ်က စေ့မွေးနေ့တုန်းက လက်ဆောင်ပေးထားတဲ့ လက်ပတ်နာရီကို လက်မှာပတ်လိုက်ပြီးတော့ စေ့ပြင်ဆင်မှုက ပြီးဆုံးသွားပြီဖြစ်သည်။ စားပွဲပေါ်တင်ထားတဲ့ Tiffany & Co ဘူးလေးကို သူ့အိတ်လေးထဲပြန်ထည့်ကာ ယူလာရင်း အောက်ထပ်ကို ဆင်းလာခဲ့သည်။ အောက်ထပ်ရောက်တော့ မီးဖိုချောင်ဘက်သွားကာ ရေခဲသေတ္တာထဲက မနေ့က ညနေကမှ ဝယ်ထည့်ထားတဲ့ စတော်ဘယ်ရီသီးတွေကို ရေသေချာပြန်ဆေးပြီး ဘူးလေးထဲထည့်လိုက်သည်။ ပြီးတာနဲ့ ထိုဘူးလေးကို ယူလိုက်ပြီး ဖိနပ်ဘီဒိုထဲက ကတ္တတီပါညှပ်ဖိနပ်လေးကို စီးကာ အိမ်တံခါးကို ပိတ်လိုက်သည်။ ထို့နောက် ကားပေါ်တက်ကာ နှောင်းငယ်ဆီကို သွားဖို့ ဦးတည်လိုက်သည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now