💕 Feeling of Love 💕 အပိုင်း ၁၇
မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးကိုမှ ချစ်သူတော်မိလေခြင်းဆိုတဲ့ ယူကြုံးမရစိတ်ကြောင့် မျက်ရည်ပူတွေက ပါးပြင်ပေါ်ကျလာခဲ့သည်။ ဆေးရုံအခန်းတံခါးဖွင့်သံနဲ့အတူ မိုးသောက်ဝင်လာတာကြောင့် မျက်ရည်တွေ ကပျာကယာသုတ်လိုက်ရသည်။
"အမေတို့က မနက်ဖြန်စောစောလာခဲ့မယ်တဲ့ အစ်မ"
"လူကြီးတွေကို သက်သက်အလုပ်ရှုပ်သလိုဖြစ်တော့မှာပဲ"
"လောလောဆယ် ကျွန်တော်တော့ နားတွေပူနေပြီ
အမေတို့ဆူတာခံနေရတာ""ဟွန်း ဟွန်း"
မျက်နှာကို ရှုံ့မဲ့ကာပြောနေတဲ့ မိုးသောက်ကို လင်း
ကြည့်ကာ ရယ်လိုက်ရင်း နှောင်းတို့အခြေအနေ
သိချင်တာမို့ မေးလိုက်တော့"မသိဘူးအစ်မ စောနကဖုန်းဆက်ကြည့်တော့ အစ်မနှောင်းခြေထောက်ကို ဓာတ်မှန်ရိုက်နေတယ်တဲ့"
"ဪ"
ဒဏ်ရာအနာတရဖြစ်မှာ သိပ်ကြောက်တဲ့နှောင်းက
ခုတော့ လင်းကြောင့် ဒဏ်ရာတွေရနေတာမြင်ရ ကြားရတော့ စိတ်မကောင်း။ အားလုံး လင်းကြောင့်။
လင်းတစ်ယောက်တည်းရဲ့အမှားတွေကြောင့်။💕💕💕💕💕
"ခြေကျင်းဝတ်လည်ပြီး ရောင်သွားတာပါ... ပတ်တီးတော့စည်းထားရမယ်... ဒီရက်ပိုင်း လှုပ်လှုပ်ရှားရှား သိပ်မလုပ်သေးနဲ့ဦးနော်"
"လမ်းရော လျှောက်လို့မရဘူးလားဟင် ဒေါက်တာ"
"အရမ်းကြီးတော့ ဖိမလျှောက်နဲ့ပေါ့... ဒီတစ်ရက်
နှစ်ရက်တော့ ခြေထောက်ကို လှုပ်လှုပ်ရှားရှား
အရမ်းမလုပ်နဲ့ပေါ့""ဟုတ်ကဲ့"
ဆရာဝန်အခန်းကနေထွက်လာတာနဲ့ ဘယ်အချိန်ကသွားယူထားမှန်းမသိတဲ့ ဝှီးချဲပေါ် ဦးက နှောင်းကို ထိုင်ခိုင်းပြီး နောက်ကနေ သူကတွန်းပေးသည်။နှောင်းက ညာဘက်ခြေထောက်နဲ့ ညာဘက်လက်မှာ ပတ်တီးအဖွေးသားနဲ့ဖြစ်ကာ လက်ကိုဆေးထည့်တုန်းက မျက်ရည်ပေါက်ကြီးငယ်ကျကာ ငိုထားတာမို့ နှာခေါင်းထိပ်တွေရဲနေကာ မျက်လုံးတွေကလည်း စပ်နေသည်။