💕 Feeling of Love 💕 အပိုင်း ၅
"မနက်ခင်းစောစောစီးစီး မျက်နှာက မသာမယာနဲ့
ဘာဖြစ်နေတာတုန်း.. ငါ့ကိုပြောစရာရှိလို့ဆို"လင်းစကားကြောင့် နွားနို့ပူပူလေးကို ဇွန်းနဲ့မွှေနေရင်း အတွေးလွန်နေသည့် နှောင်းက အသက်မပါသလိုပြုံးပြသည်။
"လင်း..."
"အွန်း...."
နာမည်ခေါ်ပြီး ဘာမှမပြောပဲ ပြန်တိတ်ဆိတ်သွားတဲ့ နှောင်းကြောင့်
"နာမည်ခေါ်ပြီးရင်လည်း ပြောလေဟယ်"
"အေးပါ.. ပြောဖို့အရှိန်ယူနေလို့ပါဟ.. ငါ့ကို သူက
ဖွင့်ပြောလာတယ်""............"
"ချစ်တယ်တဲ့"
"အဲ့တော့ နင်ဘာပြန်ပြောလိုက်လဲ.. အမယ်လေး
ငါ့သူငယ်ချင်း FA ဘဝက ကျွတ်တော့မယ်"လင်းက စစနောက်နောက်ပြောနေပေမယ့် မျက်နှာ
မကောင်းတဲ့ နှောင်းကြောင့် ကိုယ်ရှိန်သတ်လိုက်ပြီး"ဘာလဲ.. ဘာဖြစ်လို့လဲ"
"သူက.. သူက ငါတို့လိုသာမာန်မဟုတ်ဘူးဟ"
"အတောင်တွေပေါက်နေလို့လား"
"ငါအတည်ပြောနေတာ.. သူက ငါထင်မထားလောက်အောင် နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်နေတယ်"
"ဘယ်လိုနာမည်ကြီးတာကိုပြောတာလဲ.. မိန်းကလေးတွေကြား ရေပန်းစားတာကိုလား.. ဒါမှမဟုတ် ရုပ်ရှင်မင်းသား အနုပညာရှင်တွေကို ပြောတာလား"
"အင်း.. နာမည်ကြီးအနုပညာရှင်လိုမျိုးကို ပြောတာ"
"အဲ့တော့ နင် ဝန်လေးနေတယ်ပေါ့"
မျက်နှာငယ်လေးနဲ့ ခေါင်းငြိမ့်ပြတဲ့ နှောင်းကြောင့် လင်း သက်ပြင်းချလိုက်မိသည်။
"နှောင်း နင်ဘာတွေတွေးပြီး ဝန်လေးနေလဲဆိုတာ ငါနားလည်ပေမယ့် နင့်စိတ်ကို အရမ်းကြီးပိတ်လှောင်
မထားပါနဲ့လား.. ငါမေးမယ် နင်သူ့ကိုချစ်လား"လင်းမေးတဲ့အမေးကို နှောင်းအသာ ခေါင်းရမ်းပြလိုက်ပြီး
"ငါမသိဘူး.. သူ့ကို ချစ်လား မချစ်လား ဆိုတာ