💕Who are you?💕

2.3K 55 0
                                    

💕 Feeling of Love 💕 အပိုင်း ၂

YBS ကားပေါ်မှာ နေရာရတာကြောင့် နားကြပ်လေး
တပ်ပြီး သီချင်းနားထောင်နေလိုက်သည်။ ခြေသလုံးထိ
ရှည်တဲ့ Aurora Chic Brand က ချည်သား
ဂါဝန်အဝါနုရောင်လေးကို နှောင်းဒီနေ့ဝတ်ဆင်ထားသည်။ ကိုယ်တိုင်က Brand Manager ဆိုတော့ ကိုယ့်Brand ကို ဝတ်သင့်တယ်လေ။ ဒါလည်း 
ဈေးကွက်စီးပွားရေးတစ်မျိုးပဲပေါ့။ လည်ပင်းက 
သူများတွေအတွက် အနည်းငယ်ဟိုက်နေနိုင်ပေမယ့် 
နှောင်းလို ပစ္စည်းရှိလူတန်းစားဖြစ်တဲ့အပြင် ရင်ဘတ်က
ပြည့်ပြည့်ဖောင်းဖောင်းလေးမိို့ သူ့နေရာနဲ့သူ 
ချပ်ချပ်ရပ်ရပ်ရှိကာ အရမ်းကြီးမဟိုက်ပေ။ 
ရင်မို့မို့လေးတွေက မွှေးညှင်းနုလေးများနဲ့မို့ နှောင်းက 
အမှန်တိုင်းပြောရရင် ဒီလိုလည်ပင်းပုံစံမျိုး ဝတ်ရတာအရမ်းကြိုက်တယ်။ ဂုတ်ပေါ်ဝဲနေတဲ့ဆံပင်တွေကို 
ဒီအတိုင်းချထားတာကြောင့် နဂိုကောက်သားရှိတဲ့
ဆံပင်လေးတွေက အရေးတယူပြင်ဆင်ထားခြင်းမရှိပေ။ 
သီချင်းလေးနားထောင်ရင်း ဆင်းရမယ့်မှတ်တိုင် ရောက်တော့ လူသိပ်မကြပ်တဲ့ဘတ်စ်ကားပေါ်ကနေ ဆင်းလာလိုက်သည်။ ပြီးတာနဲ့ ရုပ်ရှင်လက်မှတ်ဖြတ်ဖို့  Junction city သို့ ဦးတည်လိုက်သည်။ မြို့ထဲ
လမ်းမထက်မှာ လမ်းလျှောက်ရတာကို ဘာကြောင့်မှန်း
မသိ နှောင်းအရမ်းသဘောကျတယ်။ တက်ကြွတဲ့
ခြေလှမ်းတွေနဲ့ Junction City ထဲဝင်ပြီး ရုပ်ရှင်
လက်မှတ်ကို ၃ယောက်စာဖြတ်လိုက်သည်။ 
လက်က နာရီကိုကြည့်တော့ ၁၂ ထိုးဖို့ ၁၅မိနစ်တောင်
လိုသေးသည်။ ပွဲချိန်က ၃:၃၀ ပွဲချိန်မို့ အစီစဉ်တိုင်း 
မြို့ထဲက နာမည်ကြီး ကော်ဖီဆိုင်တစ်ခုကို ဦးတည်လိုက်သည်။ ဒီကော်ဖီဆိုင်က Online ပေါ်မှာ လူပြောများနေတာကြောင့် ရောက်ဖူးတယ်ရှိအောင် လာရင်း ဆိုင်လေးက ကော်ဖီသောက်ရင်း စာအုပ်တွေပါဖတ်လို့ရအောင် ပြင်ဆင်ပေးထားတဲ့ Book Cafe ဖြစ်တာကြောင့် ‌နှောင်း ဒီဆိုင်မှာ ထိုင်ဖို့အတွက် တမင်တကာ အိမ်ကနေစောထွက်ခဲ့တာပင်။

၁၅မိနစ်လောက်လမ်းလျှောက်ပြီးချိန်မှာ ထိုဆိုင်လေးကို
ရောက်တာကြောင့် တံခါးကို တွန်းဖွင့်ကာ ဆိုင်လေးထဲ
သို့ ဝင်လာလိုက်သည်။ ဝင်ဝင်ချင်း နှာခေါင်းထဲဝင်လာတဲ့ ‌မွှေးလွန်းတဲ့ကော်ဖီနံ့ကြောင့် ကော်ဖီမကြိုက်တဲ့
နှောင်းပင် ကော်ဖီသောက်ချင်စိတ်ဖြစ်သွားသည်။ 
အရောင်အသွေးစုံလင်လှတဲ့ ကိတ်မုန့်တွေ၊ စားချင်စဖွယ်
ဖြစ်နေတဲ့ပေါင်မုန့်တွေကိုကြည့်ပြီး ဆိုင်အဝင်နားမှာထားထားတဲ့ ဗန်းနဲ့ညှပ်ကိုယူကာ နှောင်းကိုဆွဲဆောင်နေတဲ့ 
ပေါင်မုန့်အမျိုးအစား ၂မျိုးကို ဗန်းထဲထည့်လိုက်သည်။ 
ကော်ဖီမှာဖို့ ကောင်တာမှာ တန်းစီနေစဉ် ကောင်တာပေါ်မှာ ဘုတ်နဲ့ရေးထားတဲ့ Menu ကို ကြည့်ရင်း 
ဘာသောက်ရမလဲ ‌စဉ်းစားနေမိသည်။ ဒါပေမယ့်လည်း ကော်ဖီဆို Black Coffee နဲ့ Latte လောက်သာ 
သောက်တဲ့ နှောင်းအတွက်ကတော့ Latte တစ်ခွက်လို့သာ မှာလိုက်ရသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now