💕Sólo Tu💕

1.4K 52 0
                                    

💕 Feeling of Love 💕 အပိုင်း

အလုပ်ကပြန်ရောက်တာနဲ့ ရေမိုးချိုးပြီး Skincare 
အဆင့်ဆင့်လိမ်းလိုက်သည်။ ပေါင်တစ်ဝက်လောက်
ရောက်သည့် ချည်သားဘောင်းဘီအတိုကို တီရှပ်ပွပွ တစ်ထည်နဲ့တွဲဝတ်လိုက်ပြီး ခုတင်ပေါ်တက်ကာ ဖုန်းဖွင့်လိုက်‌တော့ စေက အိမ်ပြန်ရောက်ပြီဆိုတဲ့စာပို့ထားတာကြောင့် နှောင်းလည်း Good Night ဟုပြန်ပို့ပြီး 
IG ဖွင့်လိုက်သည်။ IG မှာ နှောင်း Follow ထားတဲ့ နိုင်ငံတစ်ကာက အနုပညာရှင်တွေရဲ့ပုံကို ကြည့်ပြီး အသည်းပေးစရာရှိတာပေး မန့်စရာရှိတာ မန့်နဲ့ အလုပ်ရှုပ်နေရင်း Suggest For You မှာ ပေါ်လာတဲ့ ပုံတစ်ပုံကြောင့် နှောင်းသေချာ ကြည့်လိုက်မိတော့ 
မော်ဒယ် နဒီလှိုင်း ညစာစားနေတဲ့ပုံဖြစ်ပြီး 
ဆွဲဆောင်မှုရှိတဲ့သူမအလှတွေကို လှစ်ဟပြထားတဲ့
ဝတ်စုံကြောင့် မော်ဒယ်နဒီလှိုင်းရဲ့ပုံစံက ဆွဲဆောင်မှုရှိလွန်းသည်။ ဒီလောက်လှပြီး ဆွဲဆောင်မှုရှိတဲ့ နဒီလှိုင်းလိုမိန်းကလေးနဲ့ စေ ဘာလို့ ပြတ်သွားတာလဲဆိုတာ ‌နှောင်းအရမ်းသိချင်မိသည်။

ဟုတ်ပါတယ် မော်ဒယ်နဒီလှိုင်းက စေ့ရဲ့Ex ပါ။ ရှာတွေ့သမျှသတင်းတွေမှာ နှောင်းဖတ်ကြည့်ရသလောက်က စေနဲ့နဒီလှိုင်းနဲ့က ငယ်သူငယ်ချင်းတွေဖြစ်တဲ့အပြင် လန်ဒန်မှာကျောင်းလည်း အတူတူတက်ခဲ့ကြတယ်။
အဲ့ကနေ ချစ်သူရည်းစားတွေဖြစ်သွားကြပြီးနောက် သဘောထားချင်းမတိုက်ဆိုင်လို့  လမ်းခွဲလိုက်တယ်ဆိုတာကလွဲပြီး ဘာမှမသိရ။ စေ့ကိုမေးကြည့်တော့
"အခုပစ္စုပ္ပန်ကိုပဲ ဂရုစိုက်တယ်" ဆိုတဲ့ ခပ်ပြတ်ပြတ်အပြောကြောင့် ဆက်မမေးဖြစ်။ 

ဒါပေမယ့် သူတို့နှစ်ယောက်ချစ်သူဖြစ်နေကြချိန်မှာ 
စေကလည်း ပန်းချီလောကမှာ နာမည်ရနေတဲ့သူ
ဖြစ်သလို နဒီလှိုင်းကလည်း မော်ဒယ်အလုပ်လုပ်နေကြပြီမို့ သူတို့သတင်းကတော့ ကာယကံရှင်တွေကို 
မေးစရာမလိုပဲ အင်တာနက်ပေါ်တက်ရှာလာရုံနဲ့ 
သတင်းအားလုံးသိရသည်။ စေ့ဘက်က နဒီလှိုင်းကို 
Follow မလုပ်ထားပေမယ့် နဒီလှိုင်းကတော့ စေ့ကို 
Follow လုပ်ထားတဲ့အပြင် အသည်းတွေပါ
ပေးထားတာကို နှောင်းတွေ့တွေ့နေရတော့ စိတ်ထဲမှာ
သိပ်ဘဝင်မကျ။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now